- 25 - [ U ]

3.3K 279 23
                                    

နံနက်ခင်းနေရောင်သဲ့သဲ့ကခေါင်းပေါ်သို့တည့်တည့်ကျနေသည်။ပူအိုက်လွန်းတာကြောင့် ဝါးခမောက်ကိုတဖျက်ဖျက်ခပ်ပြီး ကွမ်းယာတစ်ယာဝါးလိုက်သည်။ပြီးနောက်ပုဆိုးကိုတိုတိုပြင်ဝတ်ကာ ပေါက်တူးကိုကိုင်ပြီး မြေဆွနေ၏။

စိုင်းဉာဏ်ရွာကိုပြန်ရောက်နေသည်မှာ အချိန်အတော်ပင်ကြာပြီ။ရောင်ဝါမရှိတဲ့ဒေသမှာ သူလဲမနေပျော်တာမို့ ရွာကိုပြန်လာခဲ့ခြင်းသာ။လွန်ခဲ့တဲ့နှစ်တွေက သူ့အတွက်အခက်ခဲဆုံးနေ့ရက်များစွာနှင့်။ရောင်ဝါအနားမှာမရှိတော့ နှလုံးသားကအသက်မဲ့ကာသေလူလိုပင်။နေ့တိုင်းအရက်တွေလှိမ့်သောက်ပြီး စိတ်ညစ်စရာတွေကိုမေ့ပျောက်ပစ်သည်။အရီးရင်စိန်ဆီမှ ရောင်ဝါနိုင်ငံခြားကိုထွက်သွားပြီဆိုတဲ့သတင်းကြားသည်။တကယ်ကိုသူတို့နှစ်ယောက်ဝေးသွားကြတာ အခုချိန်ထိပေါ့....။

ရောင်ဝါထွက်သွားပြီးကတည်းကရန်ကုန်မှာမနေတော့ဘဲ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ရွာလေးဆီအပြီးပြန်လာဖြစ်၏။ရွာဦးဆရာတော်ကို ဖြစ်ကြောင်းကုန်စင်လျှောက်တင်ပြီး ဒီမှာပင်အခြေချနေထိုင်တော့မည်ဟုတွေးထားတာဖြစ်သည်။
ဦးလေးမသေခင်က လက်ငုပ်လက်ရင်း ကျန်ရှိခဲ့တဲ့လယ်တစ်ဧကကို စပါးစိုက်ပြီးရသလောက်ကို​စုမည်။ ရွာမှာက မြို့ပေါ်မှာလို မထွန်းကားတော့သူလုပ်ရမှာကလယ်စိုက်တာဘဲရှိမည်။

သို့သော် ကံကောင်းသည်လားကံဆိုးသည်လားမပြောတတ် စိုင်းဉာဏ်ရဲ့လယ်ကနေ စပါးအထွက်နှုန်းကတိုးသည်။တစ်ဧကကို တင်း ၁၀၀နီးပါးလောက် အထွက်နှုန်းကောင်းပြီး အမြတ်လဲရတာမို့ လယ်တစ်ကွက်ကနေ နှစ်ကွက်၊ နှစ်ကွက်ကနေသုံးကွက် စသည်ဖြင့်စိုင်းဉာဏ်ရဲ့စီးပွားရေးတွေ အောင်မြင်လာလိုက်တာ အခုဆိုရွာမှာ လယ်ကွက်တွေကိုအငှားထားထားရတဲ့အထိပင်။

စိုင်းဉာဏ်က သူ့လယ်ကွက်တွေနဲ့ တခြားစိုက်ခင်းတွေကိုအမြဲဂရုစိုက်သည်။ပိုးကျနေသလား အထွက်နှုန်းနည်းနေလား အမြဲစစ်တတ်ပြီး လိုအပ်တာဖြည့်သည်။ဒီကဖြည့်လိုက် ဟိုကရလိုက်ဖြင့် သူ့ဟာနဲ့သူအဆင်ပြေ၏။စုဆောင်းမိတာတွေလဲရှိသလို ၄ နှစ်ဆိုတဲ့အချိန်အတွင်းမှာ အချစ်ဆိုတဲ့အရာကလွဲလို့ သူ့ဘဝပြည့်စုံနေပြီဖြစ်သည်။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now