- 18 - [ U ]

5.4K 511 31
                                    


"အောက် အီး အီး အွတ်"

ကြက်တွန်သံညံညံကကျယ်လောင်တာမို့ စိုင်းဉာဏ်နိုးလာခဲ့သည်။အချိန်ကိုကြည့်လိုက်တော့မနက် ၆နာရီ။နိုးလက်စနဲ့မထူးတာမို့ပြန်မအိပ်တော့ဘဲ အိပ်ယာမှထဖို့ပြင်လိုက်သည်။ရောင်ဝါ့အားစောင်သေချာခြုံပေးခဲ့ဖို့တော့ သူမမေ့။

သွားတိုက်မျက်နှာသစ်ပြီးနောက် ထမင်းအိုးအရင်တည်လိုက်သည်။ထမင်းအိုးတည်နေစဥ်မှာ ခြံထဲကမြက်တွေရှည်နေပြီမို့ ဓားဖြင့်ရှင်းလိုက်၏။

ခဏကြာတော့ထမင်းအိုးရပြီ။သူ့တစ်ကိုယ်လုံးလဲချွေးနံ့နဲ့မြေကြီးနဲ့တွေနံနေတာကြောင့်ရေမချိုးလို့မရတော့။ရေချိုးပြီးရင်တော့ ရေဘူးကို့ဖို့သွားရမည်။ဒီနေ့ရေမှာထားတဲ့အိမ်တွေကများသည်။

"စိုင်းဉာဏ် "

"မျက်လုံးတွေအရမ်းမပွတ်နဲ့လေ မျက်စိနာမယ်ခင်ဗျားရဲ့"

အိပ်ယာနိုးနိုးချင်းပုံစံမှာ စိုင်းဉာဏ်မျက်လုံးထဲတော့ကလေးလေးတစ်ယောက်လို။

"ဘာလုပ်ထားတာလဲ ပေကျံနေတာဘဲ"

"အိမ်ဘေးကမြက်တွေရှင်းထားတာ နေ့ခင်းနေ့လည်ခင်ဗျားထိုင်ရင်မြွေပါးကင်းပါးရှိမှာဆိုးလို့"

"ဒါဆိုရေချိုးတော့လေ"

"အခုချိုးမှာ ခင်ဗျားမျက်နှာအရင်သစ်လေ"

"အင်း"

​ရောင်ဝါ မျက်နှာသစ်ပြီးတဲ့နောက်မှာစိုင်းဉာဏ်ကရေချိုးပြီးအဝတ်အစားလဲ၍ ရေပို့ဖို့အတွက်သုံးဘီးကိုပြင်ရသည်။ဒီနေ့တော့စိုင်းဉာဏ်က ရောင်ဝါဆင်ပေးတဲ့စပန့်အကျီလက်တိုနှင့်ဦးဂျမ်းပုဆိုးတစ်ထည်နှင့်။အမြဲတမ်းစွပ်ကျယ်ဂျိုင်းပြတ်နဲ့မနေရဘူးဟု အမိန့်ထုတ်ထားတာကြောင့် ချစ်ရသူအမိန့်ကိုသူနားထောင်ပါ၏။

"ရောင်ဝါ ဘာလုပ်နေတာလဲ"

အပင်တစ်ပင်ကို အိမ်ဘေးရှိနှင်းဆီပန်းအိုးတွေဘေးမှာမြေအိုးဖြင့်သေချာကိုစိုက်နေပါသောသူ့ရဲ့အသဲညှာ။

"အပင်စိုက်နေတာလေ"

"ဘာအပင်တုန်း ခင်ဗျားရဲ့"

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now