- 27 - [ U ]

3.7K 316 22
                                    

ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကြောင့်ရောင်ဝါနိုးလာခဲ့သည်။ကြက်တွန်သံများလဲကြားနေရပြီး မနက်ခင်းငါးနာရီသာရှိသေးသည်မို့ နေရောင်မထွက်သေး။

ရောက်ရှိနေသောနေရာတစ်ဝိုက်ကို စူးစမ်းကြည့်လိုက်တော့ဒါကစိုင်းဉာဏ်ရဲ့အခန်း။ စိုင်းဉာဏ်ကနဂိုကတည်းက ပေါ့ပျက်ပျက်မနေတတ်သူပီပီစည်းကမ်းရှိပြီး သပ်ရပ်သည်။ယောကျ်ားလေးတစ်ယောက်ထဲနေတဲ့အိမ်ဆိုတိုင်းရှုပ်ပွနေတာမျိုးမရှိဘဲ ပစ္စည်းတွေကသူ့ဟာနဲ့သူအစီအရီ။

ဒီမှာနားမယ်ဆိုတော့ သူကအပြင်မှာထွက်အိပ်သည်။နေသားမကျသေးတဲ့ စိမ်းသက်မှုကနှစ်ယောက်ကြားမှာအဆင်မပြေဖြစ်နေတာတော့အမှန်။
အပေါ့သွားချင်တာကြောင့်အခန်းကနေထွက်လိုက်တော့ ရေသံတစ်ချို့ကိုကြားနေရသည်။သိချင်စိတ်ဖြင့်အိမ်ရှေ့ထွက်ကြည့်လိုက်တော့ စိုင်းဉာဏ်ကရေတုန်ကင်ကနေ ရေဆွဲနေတာဖြစ်၏။

"ဟင် ရောင်ဝါ အစောကြီးနိုးနေတာလား"

သူ့ကိုစိုင်းဉာဏ်မြင်သွားပြီမို့ရှက်သလိုလို အခုထိရှေ့ကလူနဲ့မျက်နှာချင်းမဆိုင်ရဲသေးဘူး။

"ခင်ဗျားနိုးရင်ချိုးဖို့ရေဖြည့်ပေးနေတာ"

"မလိုဘူး ငါရန်ကုန်ပြန်မှာ"

"ဘာလို့ပြန်မှာလဲ ခင်ဗျားရယ်"

"မင်းနဲ့အတူမရှိချင်လို့"

ရောင်ဝါ့ဆီကခါးသီးတဲ့စကားလုံးတွေက သူ့ရင်ကိုအဆိပ်မြှားဝင်သကဲ့သို့ပင်။လက်နုနုလေးတွေဆုပ်ကိုင်လိုက်တော့ အတင်းဖယ်ချသည်။

"ငါ့အသားကိုမထိနဲ့"

"ကျုပ်ကိုအဲ့လိုမျိုးစကားလုံးတွေနဲ့မနှိပ်စက်ပါနဲ့လား"

"မင်းနဲ့ငါကဘာမှဆိုင်တော့တာမဟုတ်ဘူး ဒါမင်းဖြစ်ချင်တဲ့ဆန္ဒလေ မင်းကိုယ်တိုင် မင်းပါးစပ်ကနေ ငါ့ကို...ငါ့ကိုကွာရှင်းဖို့ပြောခဲ့တာ "

"အဲ့လိုမဟုတ်ပါဘူး ကျုပ်ခင်ဗျားနဲ့ဘယ်တုန်းကမှမကွာရှင်းချင်ခဲ့ပါဘူး"

"ဒါဆို ဘာလို့ဝေးဖို့လမ်းကိုမင်းရွေးခဲ့လဲဟမ် စိုင်းဉာဏ်ဖြေစမ်းပါ မင်းမှာငါ့လက်ကိုရဲရဲတင်းတင်းဆွဲထားဖို့ သတ္တိတွေရှိခဲ့လို့လား "

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now