Chapter ( 1 )

4.2K 300 16
                                    

နာမည်ကြီးလုပ်ငန်းရှင်တွေနှင့် သူတို့၏ ပါတနာတွေသာ
တက်ရောက်ခွင့်ရှိတဲ့ ခမ်းနားပြီး သီးသန့်တဲ့ Party ပွဲ။
ထိုပွဲကို တက်ရောက်မယ့် အထူးဧည့်သည်ရဲ့ အရှိန်အ၀ါ
ကြောင့်ထင် အသင့်စောင့်ဆိုင်းနေတဲ့  အနက်ရောင်ဝတ်စုံနှင့်
Bodyguard တွေမနည်းလှ။

ထိုအရေးကြီးပုဂ္ဂိုလ်ကတော့.. ၀န်ကြီးချုပ်တစ်ဦးဖြစ်ပြီး
အမည်က ကျန်းလင်။ ၀န်ကြီးချုပ်ကြီးအတွက် ကောဇော်နီ
နှင့်တကွ.Partyပွဲထဲမှလူတွေကစောင့်နေသလို..နောက်
ထပ်တစ်ဦးလည်းရှိနေပါသေးသည်။ သူကတော့ ဧည့်သည် တစ်ဦးမဟုတ်ခဲ့ချေ။

ခန်းမ၏.. အပေါ်ထပ်ဝရံတာ၏ ကြားမှ.. စူးစူးရဲရဲ ကြည့်ပြီး
စောင့်ဆိုင်းနေတဲ့လူဟာ.. အောက်ထပ်နဲ့ ခန်းမအပြင်ဘက်
တွင်ရှိနေသည့် Bodyguard တွေနဲ့ တစ်ပုံစံတည်း ၀တ်
ဆင် ထား၏။ လက်ထဲတွင် ကိုင်ထားသည် သေနတ်အတို
ကို ထိပ်ဝတွင် အသံတိတ်ပြောင်းတက်၍.. စောင့်နေသည်မို့
သူစောင့်နေတဲ့လူသာခန်းမထဲရောက်လာရင်..သေချာချိန်ပစ်ဖို့ပါ မှန်းစနေသည်။

မကြာလိုက်တဲ့အချိန်အတွင်းမှာပဲ မျက်လုံးရှေ့တည့်တည့်
တွင် ၀န်ကြီးချုပ်ဆိုသူ ရောက်ရှိလို့လာပြီ။ စင်ပေါ်တက်၍
မိန့်ခွန်းပြောနေပြီး ရိပေါ်က သေနတ်ကို ၀န်ကြီးချုပ်ရဲ့ ရင်ဘတ်သို့ ချိန်ရွယ်သည်။ ဘေးတွင် Bodyguard
၂ယောက်ရှိနေပေမယ့်.. အခုထိ သူ့ကို ဘယ်သူမှ သတိပင်
မထားမိဟန်။

ဝန်ကြီးချုပ်ကျန်းလင် စင်အောက်ဆင်းသွားရင် ပစ်မှတ်ချိန်ရ
တာ အနှောင့်ယှက်ဖြစ်ရလိမ့်မယ်။လက်ဖြောင့်သေနတ်သမား သူ့အတွက်တော့ ဒါကမခက်ခဲပေမယ့်.လွဲချော်မူမဖြစ်စေဖို့ပဲ။

နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးပြီးတာနဲ့ စင်ပေါ်က ၀န်ကြီးချုပ်ရဲ့
ရင်ဘတ်တည့်တည့်သို့ ပစ်ရန် သေနတ်ခလုတ်ကိုလက်ညိုး
တစ်ချက်ကွေး၍ နှိပ်လိုက်တယ်။အသံမသိပ်မထွက်ပေမယ့် ပြင်းထန်လွန်းတဲ့ ကျည်ဆံကတော့ ၀န်ကြီးချုပ်ကျန်းလင်၏ ဘယ်ဘက်ရင်အုံကိုဖောက်ဝင်သွားပြီ။

ဝန်ကြီးချုပ်လဲကျသွားပြီးတာနဲ့ သေနတ်ကို ကိုယ်ပေါ်မှာ
ဖွက်၍..သူဝတ်ထားသည့် Bodyguard ၀တ်စုံအား
သေသပ်အောင် ကြယ်သီးတို့ ပြန်တပ်သည်။ နားတွင်တပ်
ဆင်ထားသည့်.ဆက်သွယ်ရေးကိရိယာ လက်ဖြင့် ၂ချက်
တောက်၍.။

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now