Chapter ( 4 )

1.4K 222 18
                                    

  ညပိုးကောင်တို့၏ အော်သံတို့ ညံနေသည့် သန်းခေါင်ယံ
အချိန်တွင်.နက်မှောင်နေတဲ့ အ၀တ်စား၊ ဦးထုတ်ကို ၀တ်ဆင်
၍...ခပ်သွက်သွက် လျှောက်လာသည့်လူ။ထိုလူက မီးရောင်
သိပ်မရှိသည့် အိမ်ရှေ့တွင် ရပ်နေသည်။ခြံတံခါး က စေ့ရုံ
သာစေ့ထားပြီး လုံခြုံမူအနည်းငယ်မျှမရှိသည့် အိမ်ကို သူ ပထမဦးဆုံးမြင်ဖူးခြင်းပင်။

ခြံတံခါးကို တွန်းဖွင့်၍..အထဲဝင်သွားသည့်တိုင် လူရိပ်ဟူ
၍ မခံစားမိ။ခက်ခဲပါတယ်ဆိုတဲ့ အလုပ်မှန်သမျှကိုမတွန့်ဆုတ်
ပဲ လုပ်လာတဲ့ သူက..ဒီတစ်ခါကျမှ ဘာလို့မှန်းမသိ..အိမ်ထဲ
ရောက်လေ ခြေထောက်တွေက လေးလာလေ။

  ဆုံးဖြတ်ပြီးသားကို ဘယ်တော့မှ ပြင်မည်မဟုတ်သည့်
ရိပေါ်ဟာ..ဆက်မတွေးတော့ပဲ အထဲသို့ ဆက်လက်ဝင်
ရောက်သွား၏။ အိမ်က သိပ်မကျယ်တော့..မျက်မမြင်လူရဲ့
အိပ်ခန်းဆီ ရောက်ခဲ့ပြီး..တံခါးကို တွန်းဖွင့်သည်။

တစ်ခန်းလုံးတွင် မီးအိမ်သာဖွင့်ထားပြီး ထိုမီးအိမ်ဘေးက
ကုတင်ပေါ်မှာ ငြိမ်သက်စွာ အိပ်နေသည့် လူကို မြင်နေရပြီ။
မျက်စိမမြင်တဲ့လူတွေက သာမန်လူတွေထက် အကြားအာရုံ
ကောင်းတယ်ဆိုတာ သိတဲ့ အတွက် ရိပေါ် ခပ်ဖြေးဖြေးဆီ
ဝင်သည်။

အနီးအနားရောက်လာသည့်အခါ..စိတ်ပူပန်ခြင်းမရှိစွာ
မျက်လုံး တို့အားမှိတ်ထားသည့် လူကို ရိပေါ် ငုံကြည့်သည်။
သယ်ဆောင်လာသည့် ဓားမြှောင်ကို ထုတ်၍  ရှည်ရှည်ဝေး
ဝေး တွေးမနေပဲ..အိပ်နေသည့်လူ၏ လည်တိုင်တွင် ထောက်
ထားလိုက်တယ်။

" ခင်ဗျား မနာကျင်ရအောင်
  မြန်မြန်အဆုံးသတ်ပေးမယ်"

လည်တိုင်ဖြူဖြူထဲ ဓားမြှောင်ကို ထိုးသွင်းတော့မည့်အချိန်
မှာ သူ့လက်ကို ထိုလူက လှမ်းကိုင်သည်။မထင်ထားတာ
ဖြစ်လာတော့..စိတ်အနည်းငယ်လှုပ်ရှားသွားရသည်။ နူးညံ့
နေတဲ့ လက်က သူ့ရဲ့ အသားမာတက်နေသည့် လက်နဲ့
ဆန့်ကျင်ဖက်ပင်။

   " မား...မား..ကျန့်ကျန့် အရမ်းသတိရနေတာ "

  "  ကျန့်ကျန့်နဲ့ အတူတူနေပါနော်."

အိမ်မက်မက်ပြီး သူ့လက်ကို ကိုင်ထားသလို ငိုပါငိုနေသေး
တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မျက်မှောင်တို့ ကွေးညွှတ်လျှက်။
သူ့လက်ထဲက ဓားမြှောင်ကို နောက်လက်တစ်ဖက် ဖြင့်
ပြောင်းကိုင်ပြီး...အမေကိုသတိရနေတဲ့ လူအား တိတ်ဆိတ်
စွာ ကြည့်နေသည်။

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now