Chapter ( 6 )

1.2K 210 12
                                    

ညမိုးချုပ်သောလည်း..စံအိမ်ထဲကအလုပ်သမားတွေက
မြောက်မြားစွာသော ၀တ်စုံတွေကို သယ်ကာ အခန်းထဲမှ
အပြင် ခေါက်တုံ့ ခေါက်ပြန်သွားလာနေကြတယ်။

" မနက်ဖြန်  ငါ့သမီးလေး အလှဆုံးဖြစ်နေရမယ် "

   စိန်ရောင်တစ်လက်လက်တောက်နေသည့် လည်ဆွဲကို
မှန်ရှေ့တွင်ထိုင်နေတဲ့ ယင်းရန်၏ လည်တိုင်တွင်ဆွဲပေးရင်း
အယ်လီ ၏ နီရဲရဲ နှုတ်ခမ်းက ပြုံးလို့နေသည်။

နီရဲရဲ ၀တ်စုံအရှည်ကို အစမ်းဝတ်ကြည့်ပြီး Heelမြင့်မြင့်
ပါသည့် ဖိနပ်ကို စီးကာ ထ၍ လမ်းလျှောက်ပြသည်။
လှပသည့်ကိုယ်ဟန်ကို မှန်ထဲမှ ကြည့်၍ ယင်းရန်ရော သူမ
၏ အမေပါ ၀မ်းသာပျော်ရွှင်နေကြသည်။

"မား ရဲ့သမီးလေး ကတော့ သာမန်ရွက်ကြမ်းရည်ကျို
တွေကြားထဲ ထင်းနေတော့မှာပဲ"

"ဒီမှာကြည့်စမ်း..မနက်ဖြန် ဗိုလ်မှူးချန်းဆွေ့ရဲ့ ရာထူးတိုး
  ပွဲအခမ်းနားပါတီမှာ ငါ့သမီးလေးက ဗိုလ်မှူးရဲ့ ဇနီးလောင်း
  နေရာမှ တင့်တင့်တယ်တယ်နေပြလိုက်..ဟွန့်..လူတွေ
  အကုန် ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေစေရမယ် "

ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျစွာကြည့်ရှုနေရင်း..တစ်ခုခု
ကို သတိရသွားတာမို့ လှည့်ကာမေးလိုက်သည်။

  "မား...ရှောင်းကျန့်ကို ရော ခေါ်သွားမှာလား"

ရှောင်းကျန့်ဆိုတဲ့ နာမည်ကြားတာနဲ့ အယ်လီ့ နှုတ်ခမ်းက
ခပ်မဲ့မဲ့။ လက်ဝတ်ရတနာပစ္စည်းထည့်သည့် ဗူးနီနီကို ပိတ်ပြီး ထရပ်သည်။

"ခေါ်မသွားချင်ပါဘူး၊ဒါပေမဲ့ ဖိတ်စာက ၃စောင် ပေးလိုက်တာ
အဲ့တာက ရှောင်းကျန့်ကိုလည်း လာစေချင်တဲ့သဘောပဲ။
အကြောင်းတစ်ခုခုပြပြီး ငြင်းလိုက်ရင်လည်း ဗိုလ်မှူးတို့ဘက်
က မားတို့ စံအိမ်ကို စိတ်ကွက်လိမ့်မယ် "

  " ဒီတော့ အဲ့ကောင်လေးကိုပါ ခေါ်သွားမယ်ပေါ့ "

" ဟုတ်တယ်..ခေါ်သွားရမှာ..ဒါပေမဲ့
  သူ အိမ်တော့ ပြန်လာနိုင်မှာမဟုတ်ဘူး..အဟင်း"

မား ရဲ့ ရယ်သံနဲ့ ပြောပုံက ကျက်သီးထစရာကောင်းလွန်းပြီး
ထူးဆန်းနေပေမယ့် ယင်းရန် ဘာမှတော့မမေးရဲ။ ဒီအတိုင်း
ထိုစကားကို မသိချင်ယောင်သာဆောင်ပြီး လည်တိုင်မှာ
ဆွဲထားတဲ့  တန်ဖိုးကြီးလည်ဆွဲကို ကိုင်ကြည့်နေသည်။

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now