Chapter ( 7 )

1.7K 233 22
                                    

      သာယာတဲ့ တေးသီချင်း ဖွင့်ထားပြီး..စိမ်းစိုနေသော
ခြံဝန်းကြီးထဲတွင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ အများအပြား
ရောက်ရှိနေပြီ။ ထိုစဉ်မှာ ရောက်ချလာသည့် အဖြူရောင်
စွတ်စွတ် ကားတစ်စီးထဲမှ ဒရိုင်ဘာမှ အရင်ဆင်း၍
ကားတံခါးကိုဖွင့်ပေးသည်။

  Heel မြင့်မြင့် နီရဲရဲ ဖိနပ်လှလှလေးနှင့် ဖြူဥနေသော
ခြေထောက်တစ်စုံကအရင် အောက်ဆင်းလာ၏။ ပွဲရှင်တွေထက် သာအောင်ဝတ်စားလာသော ရှောင်းမိသားစု
စံအိမ်တော်ရဲ့လတ်တလောထိန်းသိမ်းခွင့်ရှိသူ သခင်မ
အယ်လီဖြစ်တယ်။

ဒုတိယဆင်းလာသည့် ခပ်လှလှမိန်းမငယ်လေးကတော့
အယ်လီ့ရဲ့ သမီးဖြစ်တဲ့ ယင်းရန်။ ယင်းရန်၏ မျက်လုံးတွေက
ပါတီပွဲထဲက ကြယ်ပွင့်တွေအများကြီးရှိသည့်ဗိုလ်မှူးဝတ်စုံ
နှင့် ချောမောခန့်ညားလွန်းသော လူဆီရောက်ရှိနေပြီ။

လူတွေ၏ အကြည့်ကတော့ စံအိမ်သခင်မ အယ်လီ ဆီလည်း
မရောက်.. သခင်မလေးယင်းရန်ဆီတွင်လည်းမရှိချေ။
နောက်ဆုံးမှာ ကားထဲမှ ဆင်းလာသော အဖြူစွတ်စွတ် အနောက်တိုင်းဝတ်စုံနှင့် လည်တိုင်တွင် ငွေမှိန်ရောင်ဖဲပြား
တပ်ဆင်ထားသည့် သခင်လေးရှောင်းကျန့်ကိုသာ အထူး
တလည်ကြည့်နေကြသည်။

  သခင်လေးရှောင်းကျန့်ကို သိတဲ့လူက သူသလို ၊ မသိတဲ့
လူတွေကလည်း..ကိုယ့်ဘေးကလူကို မေးရင်း တီးတိုးပြော
နေကြသည်။ ရုပ်ရည်ရော၊ဆုံးပါးသွားတဲ့ ဥက္ကဌရှောင်းရဲ့
သားအရင်း ဖြစ်တာကြောင့်ပါ လူစိတ်ဝင်စားမူခံရသည်။

" ဥက္ကဌရှောင်းရဲ့ သွေးသားက အဲ့ဒီ့သခင်လေးပေါ့ "

" သခင်လေးက မျက်လုံးကွယ်နေလို့သာ
   ချောလိုက်တာမှ မှုန်နေတာပဲ"

"Accident ကြောင့် မျက်လုံးကွယ်သွားပြီးကတည်း
ပွဲတွေမတက်ဖြစ်တာ ၃နှစ်လောက်ရှိမလားပဲ"

စသည်ဖြင့် လူတွေရဲ့ နှုတ်က ချီးကျူးစကားမဟုတ်ရင် သနားဂရုဏာ သက်သည်တို့သာ။

အယ်လီက သူမ၏ သမီးလက်ကို လွှတ်၍ အနောက်တွင်
ကျန်နေခဲ့သည့် ရှောင်းကျန့် ဆီကိုသွား၍ တွဲခေါ်သည်။
စိတ်ရှိတိုင်းဆို တွဲခေါ်ဖို့မပြောနဲ့ ဒီပွဲဆီပါ ခေါ်လာခဲ့မှာမဟုတ်
ဘူး။ လူအများရဲ့ မျက်လုံးတွေကြောင့်သာ ကြင်နာတက်
တဲ့ မိထွေးအဖြစ် သူမ နေပြရုံပဲ။

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now