Chapter ( 8 )

1.7K 206 16
                                    

   နှုတ်ခမ်းချင်းထိထားရာမှ ခွာပြီးသည့်အခါ သူအသံတိတ်စေ
သည့် လူအား စူးစိုက်၍ ကြည့်သည်။ ရှောင်းကျန့်ဆိုတဲ့ လူ
က သူနှင့် ဆန့်ကျင်စွာ မျက်လုံးတွေကိုမှိတ်လို့ တုန်ယင်နေပြီး
အသံပင် မထွက်နိုင်ချေ။ ကြည့်ရတာ အနမ်းခံရတယ်ထင်ပြီး
လန့်နေပုံရသည်။

ရိပေါ် တစ်ချက် စိတ်ထဲ အောင့်သက်သက်ဖြစ်ရသည်က
သူလို ကြေးစား၁ယောက်ကို ငှားထားပြီးတာတောင်၊ ဒီမျက်မမြင်ကောင်လေး ကို ရှင်းဖို့ ဘာတွေများ အဲ့ဒီလောက်
အလောကြီးနေရတာများဖြစ်နိုင်မလဲ ဆိုတဲ့အချက်ပင်။ ပြန်ခုခံဖို့မပြောနဲ့...မမြင်ရတဲ့ မျက်လုံးကိုတောင် မဖွင့်ရဲတဲ့ ကောင်လေးကိုလေ။

အပေါ်တက်လာတဲ့ ခြေသံ ခပ်များများကိုကြားတော့ ရှောင်းကျန့် နားရွက်အနားသို့ကပ်၍..လေသံဖြင့်သာ ဤသို့
ပြောလိုက်ပါသည်။

  " သတိထားနေ မင်းကို သတ်ချင်တဲ့လူတွေများတယ်
    ငါအပါဝင် "

ပြောပြီးတာနဲ့ ရိပေါ် လျှင်မြန်စွာပဲ ခန်းဆီးကို ဖယ်၍ ပြတင်း
တံခါးမှ ခုန်ဆင်းလိုက်ပါ၏။ဒုတိယထပ်မှ ခုန်ဆင်းပြီး  ဒူး
တစ်ဖက်ထောက်လျှက်ဖြင့် သူဆင်းလာခဲ့ရာ ရှောင်းကျန့်ရှိ
သည့် အခန်းသို့ လည်ပြန်ကြည့်၏။ အခုထိ ပူနွေးနေတဲ့ နှုတ်ခမ်းအထိတွေ့ကို မမေ့နိုင်စွာဖြင့်..။

သတ်ရမယ့် လူကို ဒီလောက်ထိ လုပ်ပေးနေတာ၊ဘာကြောင့်မှန်း သူ့ကိုယ်သူ နားမလည်နိုင်ဖြစ်နေပေမယ့်
ဘယ်တတ်နိုင်မည်လဲ။ အကြောင်းရင်းကို မရှာဖွေသည်လည်း
ဖြစ်နိုင်ပေသည်။ သံယောဇဉ်ရှိသွားရင် ဖြစ်စေ သနားမိသွား
ရင်ဖြစ်စေ သူ့အလုပ်အတွက် ထိခိုက်စေလိမ့်မည်။ဒါကို
တော့ ရိပေါ် အနေနဲ့ လုံးဝ လက်ခံနိုင်မှာ မဟုတ်ပေ။

"သခင်လေး ဘာများဖြစ်လို့လဲရှင့် "

တံခါးကိုဖွင့်ဝင်လာသည့် လူတွေနှင့် အသံကိုကြားတဲ့အခါ
ရှောင်းကျန့်  ခပ်တွေတွေ ရပ်နေရာမှ သတိဝင်လာသည်။
နှုတ်ခမ်းတွေကို တစ်ဖြေးဖြေးဆီဟ၍ ထိုလူတွေအား ပြော
လိုက်ပါ၏။

" ဘာမှမဖြစ်ပါဘူး..ခွက်ကျကွဲသွားတာပါ "

ထိုလူတွေထဲ ကျန်းချန်းဆွေ့ ပါ ရှိနေပြီး အူတူတူလေး
ရပ်နေတဲ့ ရှောင်းကျန့် ဘေးမှာလည်းဖန်ခွက်အကွဲတွေကို
တွေ့တော့ ရှေ့သို့တိုးကာ မေးသည်။

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now