Chapter ( 2 )

1.7K 230 6
                                    

နောက်တစ်နေ့၏ မနက်ခင်းတွင် ရိပေါ် ရရှိထားတဲ့ အချက်လက်တွေထဲက  target ထားရမည့်
လူရဲ့ အိမ်တည်နေရာဆီ ရောက်လာတယ်။  အနက်ရောင်
အပြောင်သား ဂျာကင်နှင့်ဦးထုတ်ခပ်ငိုက်ငိုက်စောင်း၍..ထို
လုံးချင်းအိမ်ငယ်လေးရှေ့မှာ ခဏခဏဖြတ်လျှောက်ရင်း
အခြေနေကြည့်သည်။ မျက်မမြင်တစ်ယောက်ကိုတောင်
ကြေးစားငှားပြီး သတ်ခိုင်းရတဲ့အထိ ဘယ်လောက်တောင်
အစောင့်အကြပ်တွေများနေလို့လဲ ဆိုတာကို အထူးသဖြင့်
သိချင်တယ်။

တစ်ဒေါက်ဒေါက်နှင့်.. အပြင်ထွက်လာဖို့ဟန်ပြင်သံကြား
တော့..ထောင့်ချိုးတစ်ခုထဲ ရိပေါ်ဝင်၍..လှမ်းကြည့်သည်။
အရင်ဆုံးမြင်ရတာက လက်ကိုင်ပါတဲ့.. စတီးတုတ်ဖြင့်သွား
မည့်လမ်းကို စမ်းကြည့်နေတာကိုပဲဖြစ်တယ်။ အဲ့ဒီ့နောက်
မှာတော့ တံခါးနောက်ကနေ အဖြူရောင် ဆွယ်တာနှင့်
ဆင်စွယ်ရောင် အနွေးအင်္ကျီကို ၀တ်ဆင်ထားသည့်.. ရိပေါ်
မြင်ဖူးထားတဲ့လူဖြစ်နေတယ်။

ဒီလို သူ့လမ်းသူတောင် အနိုင်နိုင်သွားနေရတဲ့ လူမျိုးကို
ဘာကြောင့် သေစေချင်ရတာများလဲ။ အလုပ်ရှိလာရင်
တစ်ချက်မှပြန်မမေးပဲ..မတွေးပဲ.. လုပ်တက်တဲ့ ရိပေါ်က
ဒီလူနဲ့မှ.. မေးခွန်းတွေ သိချင်တာတွေများလာတယ်။

တံခါးကို ကိုယ်တိုင်ပြန်ပိတ်ပြီး တစ်ယောက်တည်းထွက်သွား
တဲ့ လူကြောင့် ရိပေါ် သိချင်သမျှကိုခဏရပ်ပြီး.. အနောက်
ကနေ ခြေသံလုံလုံလိုက်သွားသည်။ ချမ်းသာတဲ့ အိမ်က
သခင်လေးဖြစ်ပြီး.. မျက်စိမမြင်တာတောင် အပြင်ထွက်တဲ့
အခါ လိုက်ပေးမယ့်.အစောင့်တောင်မရှိ။

ဒီလိုသွားနေတာ အဲ့ဒီ့လူအဆင်ရောပြေရဲ့လား။ ဖုန်းကိုပြန်
ဖွင့်ပြီး.. အဲ့ဒီ့လူရဲ့ နာမည်ကိုပြန်ရှာတော့ ခဏလေးနဲ့ တွေ့ပြီ။
ရှောင်းကျန့် တဲ့။

" ရှောင်းကျန့်.. "

နှုတ်ကနေ နာမည်ကိုရွတ်ကြည့်ပြီးတာနဲ့.. တစ်ရွေ့ရွေ့နဲ့
ရှေ့မှာသွားနေတဲ့ ရှောင်းကျန့်ရဲ့ အနောက်သို့ ထပ်မံ၍
လိုက်သွားတယ်။

ဈေးဘယ်မှာလဲဆိုတာသိနေသလို တည့်တည့်မတ်မတ်သွား
တက်တာက တကယ်အံ့ဩစရာပဲ။ မျက်စိမမြင်ရပဲ.. သာမန် လူတွေလို နေနိုင်တဲ့ ရှောင်းကျန့်က တကယ်အထင်ကြီးစရာ
ကောင်းတယ်။ လူတွေအများကြီးလည်းဖြတ်သွားဖြတ်လာ
လုပ်နေကြတော့.. ရိပေါ် ခြေသံလုံအောင်လျှောက်မနေ
တော့ပဲ  ရှောင်းကျန့်ဘေးကနေပဲ.. ဘေးချင်းကပ်လျှောက်
သည်။

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now