Chapter ( 3 )

1.5K 209 11
                                    

စံအိမ်ကိုပြန်ရောက်သည့်အခါမှာ ဒေါသတကြီးနဲ့.ကားတံခါး
ကို ပိတ်ပစ်ပြီး..သူမကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်ကို
အစေခံတွေဆီ ပစ်ပေး၏။ ခြေသံပြင်းပြင်းနှင့် အထဲဝင်၍..
ဧည့်ခန်းမကြီးဆီဦးတည်သွားသည်။အနီရောင် ဖဲသား
ဆိုဖာခုံရှည်ပေါ် စိတ်တိုတိုဖြင့်ထိုင်ပြီး.လက်ရမ်းကိုထုသည်။

" မား...မွေးနေ့ပွဲသွားတာ မြန်လှချည်လား
ပြီးတော့..ဘာလို့ စိတ်တိုနေတာလဲ"

လက်သည်းအရောင်ဆိုးခါစ.. လက်ကိုဖြန့်၍ လေဖြင့်မှုတ်
ရင်..မား ရဲ့ဘေးတွင်ဝင်ထိုင်၍.ယင်းရန် မေးလိုက်တယ်။
ယင်းရန်ဆိုတာကတော့ အယ်လီရဲ့ သမီးတစ်ယောက်ဖြစ်
ပြီး ဥက္ကဌရှောင်းနဲ့ လက်မထပ်ခင်တည်းက ပါလာတဲ့ မယားပါ
သမီးသာဖြစ်တယ်။ ရှောင်းကျန့်ထက် ၃နှစ်ကြီးပြီး.. အလုပ်
မရှိအကိုင်မရှိ.. အလှပမက်သည့် မအေတူသမီးတစ်ယောက်
ပင်ဖြစ်သည်။

" ဘာဖြစ်ရမလဲ..အရာရှိဖန်းရဲ့ ဇနီးပေါ့..
မဆီမဆိုင်စကားတွေလာပြောလို့..စိတ်နောက်တယ် "

"ဪ.. မာမားရယ်..တစ်ဖက်နားက၀င် တစ်ဖက်နားက
ထုတ်လိုက်ပေါ့.. ပြောရကြေးဆိုရင် သူတို့တွေထက် မားရဲ့ အဆင့်ကမြင့် နေတော့.. မနာလိုလို့ လျှောက်ပြောတာ နေမှာပါ "

စိတ်ကိုလျှော့ပြီး..အစေခံ လာချပေးတဲ့ ရေတစ်ခွက်ကို
သောက်ပြီး.. လက်ကိုသနေတဲ့ သူ့သမီးယင်းရန် ကို
ကြည့်သည်။ အယ်လီ မျက်လုံးထဲ သူ့သမီးရဲ့ လုပ်ပုံကိုင်ပုံ
တွေကို အားမရဘူး။ အလုပ်လုပ်ဖို့အရည်ချင်းမပါလာရင်
တောင်.. သူမလို.ယောက်ျားကောင်းကောင်းတစ်ယောက်
ရှာတက်တဲ့ အရည်ချင်းရှိရင်ဘယ်လောက်ကောင်းမလဲ။

" ယင်းရန်.. သမီး အခုတလော ဗိုလ်မှူးချန်းဆွေ့ နဲ့
အခြေနေကရော ဘယ်လိုလဲ."

"မားစီစဉ်ပေးလို့တွေ့သာတွေ့နေရတာ
ရုပ်ကတော့ချောပြီးသမီးအကြိုက်ပေမယ့်..ဟိုက သမီးကိုစိတ်မ၀င်စားသလိုပဲ"

ဖြေပုံကိုက ပေါ့ပြတ်ပြတ်နိုင်လွန်းလို့.. အယ်လီမှာ အားမလို
ရမရဖြစ်နေရတယ်။

" စိတ်မ၀င်စားလည်း.. နင်က ၀င်ရောလေ ယင်းရန်ရဲ့
ယောက်ျားတွေက ဘာအသားနဲ့ထုထားတာမို့လို့လဲ မိန်းမလှကို မျက်စိမကျရအောင်.၊ နင်ကိုကလိုနေတာ "

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now