Chapter ( 5 )

1.2K 183 17
                                    

ရွှေ့လျှားတဲ့ လူပုံစံပစ်မှတ်သို့ ချိန်ရွယ်ထားသည့် လက်တစ်စုံနှင့်သေနတ်သံတို့ဆက်တိုက်ဆိုသလိုထွက်လာပြီးမရပ်မနားပစ်ခတ်နေသည်။ ထိုသို့ပစ်ခတ်နေသည့်လူက
လက်ဖြောင့်သမား အဆင့်ဖြစ်သော်လည်း.ယခုလေ့ကျင့်မူ
တွင်တော့. လူစားထိုးလိုက်သလားထင်ရအောင် လွဲချော်
နေပြီ။

ဘေးတွင်ရပ်ကြည့်နေသည့်  မိုက်ကယ်လ် က ၀မ်ရိပေါ် ၏
ပစ်ချက်တွေကို တစ်ခုချင်းဆီ လိုက်ကြည့်ပြီး..ခေါင်းကိုခါ
သည်။လက်ကိုပိုက်၍ အနားလျှောက်လာသည့် မိုက်ကယ်က
လေချွန်သံဖြင့် အသံပေးသည်။

  သေနတ်ပစ်တာကို ခတ္တရပ်လိုက်ပြီးသည့်အခါ ရိပေါ် နား
တွင်တပ်ထားသည့် နားကျပ်နှင့် အကာကွယ် မျက်မှန်ကို
ဆွဲချွတ်၍..ဒေါသကြီးစွာ ပစ်ပေါက်သည်။

  "လက်မောင်း ၁၆ချက်. ပုခုံး ၇ချက် .မထိတာက
မှန်းပြောရရင် ၅ ချက်လောက်  မသေစေတဲ့နေရာအ
စိတ်ပိုင်းတွေချည်းပဲ"

" ၀မ်..မင်းတော့ ဘုရင်နေရာကနေ 
   ဆင်းရတော့မယ်ထင်တယ်"

ကိုယ့်ကိုယ်ကိုယ် စိတ်တိုနေရတဲ့ကြားမှ မိုက်ကယ်လ်၏ ထေ့ငေါ့ စကားကြောင့် လက်ထဲက သေနတ် ကို ကျည်ဆံ
အမြန်ဖြည့်ပြီး.မိုက်ကယ်လ် ခေါင်းတည့်တည့်ချိန်လိုက်
သည်။

"မိုက်ကယ်လ်..မင်းသိချင်လား
  ဘုရင်နေရာကနေ ငါ ဆင်းမဆင်း"

"  ၀ိုး..၀ိုး..why  so serious ...Man !! "

လက်ကာပြရင်း မိုက်ကယ်လ် ငြင်းဆန်ပြီး ရိပေါ်၏ သေနတ်
ထိပ် နှင့်  ဆန့်ကျင်ဘက်ကို ဘေးတစ်စောင်းတိုးသွားသည်။
ဝမ်ရိပေါ် ကို just kidding ပဲ ပြောလိုက်တာပေမယ့်
အမှန်တကယ် စိတ်ဆိုးသွားတော့ မိုက်ကယ်လ် ထပ်မပြောရဲ။

  လေ့ကျင့်ကွင်းကို မလာတာ လွန်ခဲ့တဲ့ရက်က mission
ပြီးကတည်းက၊ ရောက်လာတော့လည်း မျက်စိပျက်မျက်နှာ
ပျက်နဲ့  ၀မ်ရိပေါ်ရဲ့ ပုံစံက ဒီလောကမှာ စဆုံတွေ့ပြီးချိန်က
စလို့အခုထိ ပထမဆုံးမြင်ဖူးသည့်ပုံစံ။

  " ပြောပါဦး မင်းဘာစိတ်ညစ်စရာရှိနေလို့
    သေနတ်တောင်အပစ်မဖြောင့်တော့တာလဲ..၀မ်"

𝙷𝚘𝚠 𝚝𝚛𝚊𝚐𝚒𝚌.., 𝚝𝚑𝚎 𝚔𝚒𝚕𝚕𝚎𝚛 𝚒𝚜 𝚏𝚊𝚕𝚕𝚒𝚗𝚐 𝚒𝚗 𝚕𝚘𝚟𝚎Where stories live. Discover now