အပိုင်း၇zawgi

911 19 1
                                    

👑My Queen.. 7
အပိုင်း၇

အိမ်​​ရှေ့စံ နတ်​ရွာစံတာတထန်​တပ်​​ကြောင့်​မဟုတ်​မှန်းသူသိပါသည်​။ ဒါ​ပေမယ့်​တရားခံ
ကိုလည်းမ​ဖော်​ချင်​ ဖြစ်​နိုင်​ရင်​နန်း​တော်​နဲ့လုံး
ဝမပတ်​သက်​ချင်​တာပါ၊ဒါ​ကြောင့်​ဒီအတိုင်း
ပြန်​လာခဲ့​ပေမယ့်​စိတ်​ထဲမှာတော့အစ်ကိုတော်အ​ပေါ်တာဝန်​မ​ကျေဘူးဟု ခံစား​နေရသည်​။

"အရှင့်​သား ဘာ​တွေဒီ​လောက်​​တွေး​နေတာလဲ "
"ကျုပ်​အ​တွေး​တွေကရှုပ်​​ထွေး​နေတာပါပဲ "
"ဒါဆိုဘာမှမ​တွေးပဲ အနားယူပါလား"
"​ကောင်းသားပဲ လာ... "
ကြင်​ယာတော်ရဲ့ပေါင်​​ကိုခေါင်းအုံးရင်းနဲ့လှဲအိပ်ကာ​မျက်​လုံးများမှေးမှိတ်​ထားလိုက်သည်​။

ကြင်ယာတော်ကသူ့ကိုငုံ့မိုးကြည့်ရင်း..
၁၄လအတွင်းအရှင်​ကပိန်​သွားလိုက်​တာ။
ပြန်​လာကတည်းကလည်းအရင်​လိုတတ်​ကြွမှုမရှိတော့ဘူး။
ကျွန်​မကို​တောင်​မှကြိုးစားပြီးပြုံးပြ​နေရတာမှန်းရိပ်မိပါတယ်​။
"အရှင့်​ကို တကယ်​​ပျော်​ရွှင်​​အောင်​ဘာလုပ်
ပေးရမလဲဟင်​... "
ကျန်ထာကစိတ်ထဲကပဲပြောလိုက်တယ်ထင်ပေမယ့်...အသံဘယ်လိုထွက်သွားမှန်းမသိပါ။

အိပ်​​နေပြီထင်​တဲ့မင်းသားကမျက်​လုံးဖွင့်​ကြည့်​လာပြီး...
"ကျုပ်​ ကိုခမည်း​တော်​လို့​ခေါ်မယ့်​သူများရှိရင်​ကျုပ်​တကယ်​​ပျော်​မိမှာပါ"

ဟင်!...
"အရှင်​ကတကယ်ပဲခမည်း​တော်​လို့အ​ခေါ်ခံချင်​တာလား....
အမြဲတမ်းစစ်​ပဲထွက်​​နေပြီး​တော့လေ..."

"ဒါဆို ကျုပ်​အပြစ်​​ပဲပေါ့..
အခုကစပြီး ကြင်ယာတော်အနားပဲ​နေ​တော့မယ်​"
"မယုံပါဘူး.... "
မင်းသားကရယ်သွမ်းပြီး..ရုတ်တရက်
သူမ​ခေါင်း​လေးကိုသူ့မျက်နှာအ​ပေါ်ငုံ့ကျလာ​အောင်​ဆွဲယူလိုက်​ပါသည်​။

"ဘာလုပ်​မလို့လဲ အရှင်​ "
"ကြင်​ယာတော်အရမ်းစကားများ​တော့ ကိုယ်​​တော်​အိပ်​လို့မရဘူး၊ကြင်​ယာာတော့်နှုတ်​ခမ်းကိုဒဏ်​ခတ်​ထားမှဖြစ်မယ် "
ဟွန်း....

=======================
အရှင့်သားအိမ်တော်မှာအနားယူနေသည်မို့
ကြင်ယာတော်တစ်ယောက်..နေ့ရောညပါခင်ပွန်းသည်အပါးခစားရပြီး၊ ချစ်သောအရှင်ဆီကသူမတူတဲ့မေတ္တာလည်းပြန်လည်ရရှိသည်မို့..
နှင်းစွတ်တဲ့ပန်းလေးလိုလန်းဆန်းနေခဲ့သည်။

ငါ့မိဖုရားကျန်ထာ(or)My Queen (Complete)Where stories live. Discover now