Chapter18 unicode

2.3K 133 2
                                    

👑 My Queen.. 18

"ကျွန်​မနန်း​ဆောင်​ကိုပြန်​​ပါတော့မယ် အရှင် "
"ကိုယ်​​တော့်မိဖုရားကလိုချင်​တာမရလို့စိတ်​
​ကောက်​​နေတာပဲ "

"ကျွန်​မကအရှင့်ကိုစိတ်​​ကောက်​ဝံ့ပါ့မလားလေ "
တကယ်တော့စိတ်ကောက်ချင်နေတာအမှန်ပင်။
"ကျုပ်​ကအဲ့အစားအဖိုးတန်​လက်​​ဆောင်​ပြန်​
​ပေးမှာမို့ ကျုပ်​​နောက်​လိုက်​ကိုခဲ့ပါ."
မင်းကြီးကမိဖုရားကိုလက်​ဆွဲ​ခေါ်ကာဘုရင့်နန်းဆောင်ရဲ့လျှိဝှက်ခန်းထဲသို့ခေါ်လာခဲ့သည်။

"အရှင်​ ဒါက..."
"ဒါကလျှိဝှက်​နန်း​ဆောင်​ပဲ ကျုပ်​မယ်​​တော်​
​တောင်​မ​ရောက်​ဘူးတဲ့​နေရာ..ဒီမှာကြည့်ပါ"

မင်းကြီးကနံရံတစ်​ချပ်​ကိုတွန်းလိုက်​တာနဲ့
လမ်းလိုပွင့်လာပြီးစာအုပ်​​တွေအများကြီး
စီရီထားတဲ့စင်​တစ်​ခု​ပေါ်လာသည်​။
.."ဒါကချန်​နိုင်​ငံရဲ့​ဆေးကျမ်း.၊ဒါကမကြာခင်​ကမှဘိုးစိတ္တပြုစုခဲ့တဲ့ နက္ခ​ဗေဒကျမ်း၊
ဒါက​တော့စိုက်​ပျိုး​ရေးနည်း
​တွေ​ရေးသားထားတဲ့ကျမ်း၊
ဒါကထစ်​လိုပင်​လယ်​ကိုအမှီပြုတဲ့တိုင်းပြည်​
အတွက်​​သေချာ​ပေါက်​လိုအပ်​တဲ့ မိုး​လေဝသ
ကျမ်း..
ကိုယ်​​တော်​ကဒါ​တွေကိုထစ်​တိုင်းပြည်​ကို​ဝေမျှ​ပေးလိုက်​မယ်​. "
"တကယ်​ပဲ ဒါ​တွေ​ကိုပေးမှာပါလား "

"အင်း.. ဒါတွေကပြန်​လည်ကူး​ရေးခိုင်းထားတာဆို​တော့ ယူသွားလို့ရပါတယ်...
ပြီး​တော့ ဝမ်​​ဒေသကယူလာပြီးနန်း​တော်​ရဲ့
စိုက်​ပျိုး​ရေးဌာနမှာစမ်းသပ်​စိုက်​ပျိုးတာ​အောင်​မြင်​တဲ့ စပါးမျိုး​စေ့​တွေလည်း​ကိုယ်​
​တော်​ကလက်​​ဆောင်​​ပေးလိုက်​ပါ့မယ်​"

မင်းကြီးကတ​နေ့ငါးတစ်​​ကောင်​တစ်​​ကောင်​
​ပေးတာထက်​ ငါးဖမ်းနည်းပဲသင်​​ပေးမယ်​
ဆိုတဲ့လူမျိုး။ ဘယ်​အရာကိုမှအလကားမ​ပေး
သလို၊ အလကားမရမှန်းလည်းသိ​စေသည်​။

ကျန်ထာ့မျက်ဝန်းထဲလင်းလက်သွားပြီး...
"​ကျေးဇူးကြီးလှပါတယ်​ ဘုရား..
ဒီလိုကျမ်းစာအုပ်​​တွေ​လေ့လာခွင့်ရရင်​ထစ်​တိုင်းပြည်​ကအများကြီးတိုးတတ်​မှာပါ၊
ခမည်း​တော်​လည်းအရှင့်ကိုအလွန်ကျေးဇူးတင်​​နေမှာပါ. "

ငါ့မိဖုရားက်န္ထာ(or)My Queen (Complete)Where stories live. Discover now