အပိုင်း ၁၇zawgi

1.1K 33 1
                                    

👑 My Queen..17
အပိုင်း ၁၇

မိဖုရားကနှစ်​ရက်​ကြာအောင်သတိလစ်​​နေပြီး​နောက်​​နေ့သန်း​ခေါင်​ချိန်​​ရောက်​မှ....

"အင်း....အင်း.... ကျွတ်​...ကျွတ်​..."
"မယ်​မယ်​ မယ်​မယ်​ သတိရပါပြီလား "
ဟင်!
"ယုဝါ တကယ်​ပဲနင်​လား...
ဒါဆိုငါ​ကော​သေပြီလား.."
"မယ်​မယ်​ကံမကုန်​​သေးပါဘူး ...
မေ့မြောကာသတိလစ်​​နေတာပါ..
ကျွန်​​တော်​မျိုးမလည်းမ​သေပါဘူး အသက်​ရှင်​ရက်​နဲ့ခစားလျှက်​ပါ "

"နင်​မ​သေဘူး နင်​မ​သေဘူး ဟုတ်​လား "
"မှန်​လှပါ ဓားဒဏ်​ရာကရှပ်​ထိယုံပါပဲ
သမား​တော်​နဲ့ကုသ​ပေးလို့သက်​သာ​နေပါပြီ"

"​တော်​ပါ​သေးရဲ့....ဒါဆို ဝါဆို​ကော အသက်​ရှင်​​နေလား "
"သူမကို​မေ့လိုက်​ပါမယ်​မယ်​..သူမကသစ္စာ
ဖောက်​ပါ၊မင်းကြီးနဲ့မယ်​မယ့်​ကြားမှာတစ်​ချိန်
လုံးမ​ကောင်းကြံစည်​​နေတဲ့သူပါ "

"ဒါ​ပေမယ့်​လည်းသူအမှန်​မြင်​ခဲ့ပါတယ်
အမှန်​ပြင်​ခဲ့တယ်​​လေ "
"မယ်​မယ်​ကသ​ဘောထားကြီးလွန်းတာပါ"
"ဒါနဲ့ ငါ့က​လေး​လေး​ရောဟင်​​သေပြီထင်​ပါ့"

ဗိုက်​ကိုဓားနဲ့ထိုးဖို့ကြံ​ပေမယ့်​တကယ်တမ်းကျ​မထိုးရက်​လို့ နံရိုးကြားထဲကိုသာထိုးခဲ့ခြင်းဖြစ်​သည်​။

"ရင်​​သွေး​လေးက.....လည်း...
ကံ​ကောင်းလို့မထိခိုက်​ပါဘူး ဘုရား.."
" တကယ်ပဲလား..."
" မယ်​မယ်​လည်းကံ​ကောင်းလို့နတ်​ရွာမစံတာပါ..ဘာလို့အဲ့လိုလုပ်​ရတာလဲဘုရား။
ဘာပဲဖြစ်ဖြစ်အသက်ရှင်နေကြမယ်လို့ ကတိပေးထားတယ်မဟုတ်ပါလား.."

မိဖုရားက ငုတ်တုပ်ထထိုင်ပြီး...
" အဲ့ဒီ့အချိန်တုန်းက ငါက နင်သေပြီလို့ထင်ထားတာလေ။
ဒီနိုင်ငံမှာရှိတဲ့ ငါ့ရဲ့တစ်ဦးတည်းသောအထိန်းတော်ကသေပြီး၊ ငါချစ်ခဲ့တဲ့လင်သားက ငါ့ကိုအယုံအကြည်မဲ့စွာနဲ့..လူပုံအလယ်မှာ
ဖောက်ပြန်သူလို့စွပ်စွဲခံရတာ..
ငါ ဘယ်လိုစိတ်နဲ့အသက်ရှင်ချင်တော့မှာလဲ..."

" မယ်မယ့်ကို ဒီလိုဖြစ်အောင် ဝါဆိုနဲ့တခြားသူကလုပ်ကြံကြတာပါ။
မင်းကြီးကလည်း သူ့မျက်စိရှေ့မှာဒီဖြစ်ရပ်ကိုမြင်တော့ မသိသလိုနေပေးလို့မှမရတော့တာ။

ငါ့မိဖုရားကျန်ထာ(or)My Queen (Complete)Where stories live. Discover now