Chapter 19 zawgi

745 18 1
                                    

My queen 19...

ဒီနေ့မင်းကြီးညီလာခံခန်းမကအပြန်​မှာနန်း​တော်​ထဲသို့ ရဲမက်တချို့ကက​လေးတစ်​သိုက်​ကိုခေါ်ပြီးဝင်​လာတာ​တွေ့လိုက်​လို့...

"သတိုး က​လေး​တွေကဘယ်​ကလဲ၊ဘယ်လို
လုပ်​နန်း​တော်​ထဲ​ရောက်​​နေတာလဲ..."

"မှန်လှပါ အလယ်နန်းဆောင်ကအမိန့်တော်ပါဘုရား...
မိဖုရားခေါင်မယ်​မယ်​ရဲ့ ​မွေး​နေ့​တော်​မို့က​လေး​တွေကိုမုန့်​​ပွဲတော်ခေါ်​ကြွေးမလို့တဲ့..ဘုရား "
"ဘာ..ဒီနေ့မိဖုရား​ခေါင်မွေး​နေ့ဟုတ်​လား၊
ဒါကို ​မောင်​မင်းအခုမှ​ပြောရသလား "

"ကျွန်​​တော်​မျိုးက..အရှင်မင်းကြီးလည်းသိတယ်​ထင်​လို့​....
မ​နေ့ကတောင်မိဖုရားကြွလာပြီးအရှင်​တို့
ကဒီလိုဒီလိုတွေဆို​တော့....အရှင်​သိပြီး​လောက်​ပါပြီထင်​မိလို့"

"အော်ဟော်...မဟုတ်​တဲ့​နေရာကြရင်​​တော့
အဲ့ဒီ့လျှာကရှည်​တတ်​တယ်​၊ တကယ့်​အ​ရေးဆိုသုံးမရတော့ဘူး
မောင်​မင်းကိုကျုပ်​​ဒေါသထွက်​လာပြီ....
သွားစမ်း...နန်း​ဆောင်​​ရှေ့မှာအ​ပေါ်ဝတ်​ချွတ်​ပြီးမတ်​တပ်​ရပ်​​နေ"
"တကယ်အပေါ်ဝတ်ပါချွတ်ရမှာလား ဘုရား "
" တစ်ကိုယ်လုံးချွတ်ပြီးရပ်ချင်လို့လား..."
" မဟုတ်ပါဘူး..ဘုရား...."
" သွား...ညအထိ"
ရက်စက်လှချည်ရဲ့ အရှင်။

မင်းကြီးလည်းသတိုးကိုထားပြီးမိဖုရားခေါင်ဆီ​ရောက်လာခဲ့သည်။
မိဖုရားကနန်းပြင်ကခေါ်လာတဲ့က​လေး
တွေကိုယာဂု​ကျွေး​နေပါသည်​။

"အရှင်​မင်းကြီး ​ရောက်​လာပါပြီလား "
"ဝါးးဒါအရှင်မင်းကြီးတဲ့...
ချောလိုက်​တာ..... "
မုန့်​စား​နေတဲ့က​လေး​တွေကမင်းကြီးကိုကြည့်​ပြီး​ပြောကြသည်​။
မိဖုရားခေါင်ပြုံးပြီးလှည့်ကြည့်ရင်း...
" ဟုတ်​လား အရှင်မင်းကြီးကခန့်​ညားရဲ့လား"
" မှန်လှပါ ..ကျွန်တော်မျိုးရဲ့ဖခင်ထက်ချောပါတယ်။ မိဖုရားမယ်​မယ်​ကလည်း​ချောပါတယ်​"

"ဒီက​လေး​တွေ​ပြောတတ်​လိုက်​တာ "

"ဟိုလေ  မိဖုရားခေါင်ကြီး ယာဂုကမယ်မင်းကိုယ်​တိုင်​လုပ်​တာလား"
"မဟုတ်​ပါဘူးဘုရား စားဖို​ဆောင်​ကလုပ်​​ပေး
တာပါ "
" ​သြော် တော်​သေးတာပေါ့...
ခလေးဆိုတာစကားကိုအမှန်အတိုင်းပြောတတ်ကြတော့..."
" ဘာကိုဆိုလိုတာပါလဲ အရှင်"
" မဟုတ် ကိုယ်တော်က ဘာမှ....'

ငါ့မိဖုရားကျန်ထာ(or)My Queen (Complete)Where stories live. Discover now