အပိုင္း၁၂ unicode

2.4K 157 2
                                    

👑My Queen..12

အိမ်​​ရှေ့စံမိဖုရား​လေးထည့်​ပေးလိုက်​​သောမိုး
ကြိုးဆိုသည့်လူ​ကြောင့်သူမတို့မြို့ပြင်​ကို
ကိုလွတ်​​မြောက်​လာခဲ့သည်​။

မြို့နဲ့လှမ်းလှမ်းကို​ရောက်​​တော့..မိုးကြိုးကသူ့
တာဝန်​ပြီးဆုံးပြီဟုလက်​ဟန်​​ခြေဟန်​နဲ့​ပြောသည်​။
"ကျွန်​မတို့ကိုဒီထိပို့​ပေးတာ ​ကျေးဇူးပါပဲ"
မိုးကြိုးကသူမအားအရိုအ​သေ​ပေးပြီးထွက်​သွား​တော့သည်​။
သူမတို့လည်းမင်းကြီးရဲ့တပ်​စခန်းရှိရာသို့ခရီး
ဆက်​ခဲ့ကြသည်​။

........................
မင်းကြီး​နောက်​ထပ်​သိမ်းယူလို​သော
နှစ်​ပြည်​​ထောင်​မင်းကပူး​ပေါင်းပြီးချန်​တပ်​ကို
ခုခံကြို​နေတာကြောင့်...တပ်နှစ်ခုက
အနီးဆုံးမှာ​ရောက်​​နေပြီဖြစ်​​သော်​လည်းမတိုက်​ခိုက်​​သေးဘဲ ချန်​တပ်​ကစခန်းချထားသည်​။

အ​ကြောင်းက​တော့မင်းကြီးမဟာခေါင်အဆိပ်​မြှားမှန်​ကာဒဏ်​ရာရ​နေချင်း​ကြောင့်ဖြစ်​သည်​၊
မဟာတပ်​မူးဇနနဲ့အဖွဲ့ကအနားတစ်​ဝိုက်​မှာ
လုပ်​ကြံသူကိုပိုက်​စိပ်​တိုက်​ရှာ​နေပါသည်​။
ခွပ်​...ခွပ်​...
​တော်​​တော်​​ဝေး​ဝေးကလာ​နေတဲ့မြင်းခွာသံ
​တွေကြား​ရတာကြောင့်...
"တစ်​​ယောက်​​ယောက်​လာ​နေတယ်​ "

ကြိုးစကို​မြေမှာမြုပ်​ကာအားလုံးဝင်​ပုန်းပြီး​စောင့်ကြည့်​နေသည်​။ ရန်​သူလို့ထင်​ရင်​ကြိုးစ
ကိုမလိုက်​တာနဲ့မြင်းလဲသွားရင်​အလွယ်​တကူ
ဖမ်းနိုင်​မည်​။

ခွပ်​... ခွပ်​...တဖြည်းဖြည်းနီးလာနေသည်​။
"ရပ်​ ရပ်​ မလုပ်​နဲ့ မယ်​မယ်​ပဲ "
ဇနကထွက်တားတော့..
လူကို​တွေ့လို့ ကျန်ထာကမြင်း​တွေကိုအရှိန်​သတ်​လိုက်​သည်​။သူမဆင်းရန်​တပ်​မူးကပုခုံးခံ​ပေးသည်​။

"​ကျေးဇူးပါပဲ...."
"မယ်​မယ်​ ဘယ်​လိုလုပ်​ဒီထိ​ရောက်​လာတာပါလဲ "
"အဲ့တာ​ပြောရရင်​ရှည်​တယ်​...
တိုတို​ပြောရရင်​မယ်​​တော်​ကြီးပုန်​ကန်​​နေတယ်​"

သို့ပေမယ့်တပ်​မူးကအများကြီးလည်းမအံ့သြသွားပါ။
"အရှင်​မင်းကြီး ​ကော​ဘေးကင်းပါရဲ့လား "
"မင်းကြီးက..ကျွန်​​တော်​မျိုးမင်းကြီးဆီပို့
​ဆောင်​​ပေးပါ့မယ်​"

ငါ့မိဖုရားက်န္ထာ(or)My Queen (Complete)Where stories live. Discover now