အပိုင်း ၁၄zawgi

828 25 1
                                    

👑 My Queen.. 14

အပိုင်း ၁၄

မိဖုရားခေါင်ရဲ့အပျို​တော်​ဝါဆို ဆို​သောမိန်းက​လေးကနန်း​ဆောင်​နှစ်​ခုကြားထဲမှာ ထိုင်ပြီးလက်​ထဲတစ်​စုံတစ်​ရာကိုကိုင်​ကာ..ခပ်​​ဆွေး​ဆွေး​လေးကြည့်​​နေပါသည်​။

နန်းတော်လည်းလမ်းလျှောက်ဖို့ထွက်လာသောမိဖုရားနဲ့ယုဝါကသူမကိုမြင်တော့တိတ်​တိတ်​က​လေးလာပြီး ဝါဆိုကနောက်ကနေယုဝါကပုခုံးကိုပုတ်​ကာ...
"​ဟေ့ ဝါဆိုဘာတွေလုပ်​နေတာလဲ "
" ဘုရား..."

ဝါဆိုကလန့်​သွားပြီးလက်​ထဲကအရာ​လေးကမိဖုရား​ရှေ့နားသို့ပြုတ်​ကြလာပါသည်​။
မင်းသား​လေး​တွေစီးရတဲ့​ခေါင်းစီးတစ်​ခုဖြစ်​သည်​။
မိဖုရားကလှမ်း​ကောက်​မည်​အပြု.....
"မယ်​မယ်​ မကိုင်​ပါနဲ့၊ဒါကျွန်​မပိုင်​တဲ့တစ်​ခုတည်း​သောအရာပါ "
လို့ပြောပြီးဝါဆိုကဖျက်​ခနဲလှမ်း​ကောက်​​လိုက်သည်​။
သူ့အပြုအမူ​ကြောင့်​ မိဖုရားခေါင်နဲ့ဝါဆို
တောင်အံ့သြ​သွားရသည်။
"ဟဲ့ မိဖုရားကိုများ ရိုင်းစိုင်းလှချည်​လား "

ဝါဆိုကသူ့ပစ္စည်း​လေးကိုအကျီင်္ထဲအတင်းထိုးထည့်​လိုက်​ပြီးမှ ဒူး​ထောက်​ဦးညွှတ်ကာ..
"​တောင်းပန်​ပါတယ်​ မယ်​မယ်​ ကျွန်​မရိုင်းပြမိခဲ့ပါတယ်​ "
မိဖုရားခေါင်ကြီးကသူ့စကားထက်​ခုနက​ခေါင်းစီးအ​ကြောင်းပဲသိချင်​​နေ၍..
"ချစ်​ရသူရဲ့ ပစ္စည်းလား "
"ရှင်​  ဟုတ်​.. ဟုတ်​ပါတယ်​ ဘုရား "
"ဪ ဒါ​ကြောင့်​​သေချာထိမ်းသိမ်းထားတာကိုး၊ ငါတို့ကတမင်​​နောက်​မိတာပဲလေ..
နင့်​အပြစ်​မဟုတ်​ပါဘူး..
လာသွားစို့ ..ယုဝါရေ "

မိဖုရားခေါင်ကလှည့်ထွက်သွားတော့..ဝါဆိုက
နောက်ကလိုက်ပြီး...
"မယ်​မယ်​ ဒီလိုရိုင်းပြတာကိုလွယ်​လွယ်​ခွင့်​မလွတ်​သင့်​ပါဘူး...
မယ်​မယ်​ကသ​ဘောထား​ကောင်းလို့ ဒါသဝတီမိဖုရား​လောက်​​တောင်​မယ်​မယ့်​ကို
မ​ကြောက်​ကြတာပါ "
"ငါ့ကိုသူများ​ကြောက်​​နေမှာမလိုချင်​ပါဘူး..
လာပါဟာ.. မင်းကြီးအတွက်​မုန့်​လုပ်​ပါ့မယ်​ဆို"

>>>>>>>>>>>>

မိဖုရားခေါင်ကစားဖို​ဆောင်​ထဲဝင်​ပြီးမုန့်​လုပ်​​ပါသည်​။
ပြီးတာနဲ့..
"ယုဝါ မြည်းကြည့်​ပါအုံး "
"ကျွန်​မကခနခနမြည်းရလွန်းလို့လျာကထုံ​နေပါပြီ   .... "
"အပို​တွေလုပ်​မ​နေပဲ မြန်​မြန်​လာမြည်း "
ဟင့်!
" အိုး ..မယ်​မယ်​..."
" ဘာလဲ၊မ​ကောင်းဘူးလားဟင်​ "
"ဒီ​နေ့မငံ​တော့ဘူး ဘုရား ​ကောင်းပါတယ်​.. မယ်​မယ်​လက်​ရာတိုးတတ်​လာပါပြီ"

ငါ့မိဖုရားကျန်ထာ(or)My Queen (Complete)Where stories live. Discover now