အပိုင်း ၉unicode

2.4K 145 0
                                    

👑My Queen.. 9
အပိုင်း ၉

ကျန်​ထာကမင်းကြီးမရှိတဲ့နန်း​တော်​ထဲကို​လမ်းလျှောက်​ကြည့်ရင်းသူမတို့လက်​ဆက်​စဉ်​ကအတူ​နေခဲ့ဘူး​သောနန်း​ဆောင်​​ရှေ့​သို့ရောက်​လာပါသည်​။

ဆက်​မသွားနိုင်​ပဲအဲ့​နေရာမှာရပ်​​ကာငေး​ငိုင်နေမိပြန်သည်​။
"မယ်​မယ်​ ဒီမှာဘယ်​သူမှမရှိဘူးထင်​တယ်​
အထဲဝင်​ကြည့်မလားရှင့် "
"​ကောင်းသားပဲ...."

တကယ်တော့ဝင်​မကြည့်ခဲ့မိရင်​ပို​ကောင်းမှာပဲနန်း​ဆောင်​ထဲမှာသူ့အတိတ်​နဲ့သူ့အရိပ်​ကကျန်
ထာကိုပြန်​လည်​မြင်​​ယောင်​​ကာပူဆွေးသောကရောက်စေပါသည်။

ထိုစဉ်...အဟင့်ဟင့်..
တစ်​​နေရာက​နေရိုက်​ငိုသံကြားလိုက်​ရလို့....
"ဘယ်​သူလဲ.."
"မှန်​လှပါ မယ်​မယ်​ အပျို​တော်​​လေးတစ်​​ယောက်​ပါ "
"​ရှေ့တော်ခေါ်လိုက်​.."
အပျိုတော်လေးကသူမ​ရှေ့ကို​ကြောက်​​ကြောက်​လန့်လန့်​ရောက်​လာသည်​။
"မယ်​မင်းကဘယ်​သူလဲ "
"အပျို​တော်​ဝါဆိုလို့​ခေါ်ပါတယ်​မိဖုရားခေါင်မယ်​မယ်​"
"ခုနကဘာလို့ငို​နေတာလဲ "
"စိုးရွံ့ပါတယ်​ မယ်​မယ်​ ကျွန်​မခစားရတဲ့သခင်​က နန်းပြင်​ထွက်​သွားရပြီမို့ ...
ကျွန်​မလည်းမကြာခင်​နန်း​တော်​ကထွက်​ရမှာ
ဝမ်းနည်းလို့ပါဘုရား "

"သြော် မယ်မင်းနန်းပြင်​မထွက်​ချင်​ဘူးလား "
"မှန်​လှပါ ကျွန်​တော်မျိုးမကစာလည်းမတတ်​ပါဘူး၊မိဘ​ဆွေမျိုးလည်းမရှိတဲ့တစ်​​ကောင်​ကြွက်​မို့နန်းပြင်​မှာ​နေစရာလည်းမရှိပါဘူး ဘုရား "

ဪသနားစရာပါလား။သူမမှာ​တော့မိဘ​ဆွေမျိုး​တွေရှိပေမယ့်လည်းဒီတသက်​​တော့တိုင်းပြည်​ပြန်​ခွင့်မရ​တော့ဘူး။သူလေးကြ​တော့လည်း..ဟင်း
"ဒါဖြင့်မယ်​မင်းငါ့ဆီခစားနိုင်​မလား "

"ရှင်​ ...ဟုတ်ကဲ့ အဲ
မှန်​လှပါ မယ်​မယ်​ကသာ ကျွန်​​တော်​မျိုးမကို
လက်​ခံမယ်​ဆိုရင်​​သေတဲ့​နေ့ထိခစားပါ့မယ်​ "
"​ကောင်းပြီလိုက်​ခဲ့ "
"​ကျေးဇူးကြီးလှပါတယ်​ "
...........

ဝါဆိုဆိုတဲ့အပျို​တော်​​လေးကိုသူ့အနား​ခေါ်ထားလိုက်​သည်​။ဝါဆိုကသွက်​လက်​ပြီးစကားအရမ်းတတ်​တာမို့ သူမနန်း​ဆောင်​မှာမပျင်းရ​တော့ပါ။

ငါ့မိဖုရားက်န္ထာ(or)My Queen (Complete)Where stories live. Discover now