အပိုင်း- 15 unicode

2.6K 163 9
                                    

ငါ့မိဖုရားကျန်ထာ
အပိုင်း- 15

အာရုံတတ်​ချိန်​မှာသူနိုးလာ​တော့​ဘေးမှာကျန်​ထာကသူ့လက်မောင်းကိုခေါင်းအုံးထားပြီး
အိပ်​​ပျော်​​နေပါသည်​။ငိုထားလို့မျက်​လုံး
​တွေကလည်းမို့အစ်​​နေသည်​။

ဇနီးသည်အနားမှာထပ်​​နေချင်​​ပေမယ့်ညီလာခံအတွက်​ပြင်​ဆင်​ရအုံးမှာမို့..ကျန်ထာ့ခေါင်းကိုဖြေးညှင်းစွာမပြီးခေါင်းအုံးပေါ်ရွေ့သိပ်ကာ
နှဖူးပြင်ထက်သို့အနမ်းတစ်ပွင့်ဖွဖွခြွေပြီး..
သူမနိုးမှာဆိုး၍ခြေသံဖွဖွနင်းကာနန်း​ဆောင်​အပြင်​ဘက်သို့ထွက်​လာခဲ့သည်​။

နံနက်​အ​စောကြီးမို့ယုဝါလည်းအိပ်နေဆဲထင်သည်။
မိဖုရားရဲ့နန်း​ဆောင်​တော်အပြင်​မှာအပျို​တော်​လေးတစ်​​ယောက်​ကသူ့ဖိနပ်​အားအကျ်ီ​နဲ့ပွတ်​သုပ်​​ပေးပြီး စီးရန်​အသင့်ချပေးပါသည်​။​

ခေါင်းငုံ့​နေ​သောသူမအား..မင်းကြီးကစူးစမ်းစွာငဲ့ကြည့်ပြီး..
"မယ်​မင်းကဝါဆိုမဟုတ်​လား "
"မှန်​ပါ့ ဘုရား ကျွန်​​တော်​မျိုးမကဝါဆိုပါ"

"ဒါ​ကြောင့်ကိုး ကိုယ်​​တော်​ထင်​တာမှန်​သားပဲ...အခုမယ်မင်းကဒီနန်းဆောင်ရောက်နေတာလား..."
" မှန်လှပါ ဘုရား..."

"မယ်မင်းကမိဖုရားခေါင်ကိုခစား​နေ​တော့
ကိုယ်​​တော်​စိတ်​ချရပြီ "
"မှန်​လှပါ မယ်​မယ်​ကဂရုဏာထား​တော်​မူပါတယ်​ "
"အင်း သူမကကြင်​နာတတ်​တယ်​။
ကိုယ်​​တော်​က​ကျေးဇူးတင်​ပါတယ်​၊ချန်​နန်း
​တော်​မှာသူမအတွက်​အထီးကျန်​တယ်​​လေ
မယ်​မင်းကဂရုစိုက်​​ပေးပါ"
"မှန်​လှပါ...."
"မယ်​မင်းလည်းအကူအညီ​တောင်းစရာကိစ္စ
ရှိလာခဲ့ရင်​ကျုပ်​ဆီကိုလာခဲ့ပါ "
"မှန်​လှပါ ဘုရား "
" အင်း...."

မင်းကြီးကတစ်ချက်ကြည့်ပြီးသူ့လိုရာခရီးကိူဆက်သွားတော့သည်။
ဝါဆိုကမင်းကြီးကျောပြင်ကိုငေးကြည့်ရင်း..
ဆယ်နှစ်...ဆယ်​နှစ်​​တောင်​ကြာခဲ့ပါပြီဘရား၊အရှင့်ကိုဒီလိုဆုံဖို့​စောင့်ခဲ့ရတာဆယ်​နှစ်​ပါ။
ကျွန်​မကိုမ​မေ့တာအတွက်​​ကျေးဇူးပါအရှင့်သား..
အရှင့်သားချစ်​တဲ့သူကိုခစားရတာကျွန်တော်မျိုးမရဲ့စိတ်နှလုံးမှာမလွယ်​လှပါဘူး။
ဒါပေမယ့်အရှင်ကကျေးဇူးတင်တယ်တဲ့လား...

ငါ့မိဖုရားက်န္ထာ(or)My Queen (Complete)Where stories live. Discover now