Part 2

354 51 1
                                    

ဝိန်ချင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။

ဒါက ဝမ်ဇီဟယ်ရဲ့ စိတ်ထဲကို ပထမဆုံး ဝင်လာတဲ့ အတွေးပါပဲ ၊ ပြီးတော့ သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် အရင် အေးစက်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပါတယ် ။

သူ နောက်ပြန်ဆုတ်သွားကာ ဓာတ်လှေကားမှ အမြန်ထွက်ပြီး ဝိန်ချင်းနှင့် နှစ်ယောက်တည်းနေမည့်နေရာမှ ထွက်ပြေးလာခဲ့သည် ။ သူသည် ဝန်ချင်းနဲ့ အလုံပိတ်နေရာတွင် အတူမနေနိုင်ပေ ။

သို့သော် ဝမ်ဇီဟယ် အံ့အားသင့်သွားသည့်အရာက ဓာတ်လှေကားတံခါးသည် ဖြည်းညှင်းစွာပိတ်သွားခြင်းဖြစ်သည် ။ လျင်မြန်လွန်းစွာ ရွေ့လျားနေသော ဝမ်ဇီဟယ်သည် ပိတ်ထားသော ဓာတ်လှေကားတံခါးကို လေသံများနှင့်အတူ တိုးဝင်သွားခဲ့သည်။ သို့သော် မာကျောသောသတ္တုသည် သူ၏ကျောကို ထိမှန်ပြီး ကျောကို ထုံကျင်သွားစေသည်။

သူကိုင်ထားသော ကော်ဖီခွက်သည် နေရာအနှံ့ ဖိတ်စင်သွားကာ အဖြူရောင်ရှပ်အင်္ကျီပေါ်တွင် အညိုရောင်အရည်အနည်းငယ်သည် သူ့လက်ဖဝါးလိုင်းများပေါ်မှ ကျဆင်းသွားသည်။

ဤအခိုက်အတန့်တွင် ဝမ်ဇီဟယ်သည် ရှက်ရွံ့ပြီး စိတ်ရှုပ်ထွေးနေလေသည်။

သူ့ဦးနှောက်က သိုးမွှေးချည်မျှင်တွေလို ရှုပ်ပွနေပြီး အစွန်းနှစ်ဘက်ကိုသာ ရှာတွေ့နိုင်ပေမယ့် ချည်နှောင်ထားတဲ့ ချည်တွေကို မခွဲခြားနိုင်ခဲ့ပါဘူး။

ဝမ်ဇီဟယ်၏ ထိတ်လန့်မှုနှင့် နှိုင်းယှဉ်ပါက ဝိန်ချင်းသည် အလွန်ငြိမ်သက်နေသည် ။ သူသည် ဝိန်ချင်းကို ခဏလောက်ကြည့်ကာ သူ့မျက်လုံးများသည် လှိုင်းလုံးများမလှုပ်နိုင်သော ရေကန်တစ်ခုလိုပင် ငြိမ်သက်နေပါသည်။ ဝမ်ဇီဟယ်၏ ပြင်းထန်သော လုပ်ရပ်များက သူ့ကို လုံးဝ မတုန်လှုပ်နိုင်ပေ။

ထူးဆန်းလိုက်တာ....

ဟုတ်တယ်၊ ဝမ်ဇီဟယ်က သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အရာတစ်ခုကိုပဲ မြင်လိုက်ရတယ်။

ဝမ်ဇီဟယ်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး၊ သူ၏ မူလက ဖရိုဖရဲ အတွေးများသည် ဤစက္ကန့်တွင် ရုတ်တရက် ရှင်းသွားသည် - သူနှင့် ဝိန်ချင်းသည် (၅) နှစ်ကြာ လမ်းခွဲခဲ့ကြပြီး ဝိန်ချင်းသည် ရှောင်ရှီ၏ ဖခင်အရင်းဖြစ်သော်လည်း ဝမ်ဇီဟယ်က ဘာလုပ်နိုင်ဦးမှာလဲ ။ ထိုအရာများသည် အတိတ်ကာလတွင်သာ ဖြစ်ခဲ့ပြီး ဝိန်ချင်းသည် သူ့တွင် သားတစ်ယောက်ရှိမှန်းပင် မသိခဲ့ပေ။

After Being Dumped by his Son's FatherWhere stories live. Discover now