Part 10

135 18 2
                                    

၀မ်ယွမ်ရှန်း တုန်လှုပ်သွားပြီး ဝိန်ချင်းက သူမကို ဂရုမစိုက်တဲ့ အကြောင်းရင်းကို ခန့်မှန်းလို့ မရခဲ့ဘူး။

ဝိန်ချင်းသည် ယခင်ကတည်းက သူမအပေါ် စိတ်အားထက်သန်မှု မရှိခဲ့သော်ငြားလည်း အခုတွင်ဝောာ့ သူ သူမကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် မလိုအပ်သလို ခံစားခဲ့ရပြီး သူတစ်ကိုယ်လုံးမှ ထွက်လာသည့် လျစ်လျူရှုမှုသည် ၀မ်ယွမ်ရှန်း၏ နှလုံးသားကို ထိုးဖောက်လုမတတ် ဖြစ်ခဲ့ရသည်။

သူမ ဝိန်ချင်းကို မျှော်လင့်တကြီး လှမ်းကြည့်သော်လည်း ဝိန်ချင်း၏ မျက်နှာပေါ်ရှိ အေးစက်ပြီး ဘာမှမထူးခြားသော အရောင်သည် သူမ၏ မြှောက်ပင့်မှုကြောင့် မှေးမှိန်သွားသည် ။

ထို့နောက် ဝိန်ချင်းက နားမလည်နိုင်စွာ တစ်စုံတစ်ခုကို ပြောခဲ့သည်- "မစ္စဝမ်က နှလုံးသားမဲနက်နေတာပဲ ?"

"...?"

"မစ္စဝမ်က ဒီလောက် ကြမ်းတမ်းတာကို တစ်ခါမမြင်ဖူးဘူး။ အခု မင်းက အသံ ပျော့ပျော့နဲ့ စကားပြောနေတော့ မင်းရဲ့ နှဂိုအသံအရမ်းကျယ်မှုကို ထိန်းထားရမှာကို ကျွန်တော် ကြောက်မိပါတယ်။ မင်းမှာ အံ့သြစရာကောင်းတဲ့ တစ်ဖက်က ရှိနေတာပဲ့ " ဝိန်ချင်းက ပြုံးပြီး သူ့မျက်လုံးတွေ အေးစက်နေခဲ့တယ်။

၀မ်ယွမ်ရှန်း၏ပါးပြင်များသည် ဖြူဖျော့လာပြီး ဝိန်ချင်းက ထ်ုစကားကိုသာ ထပ်ခါတလဲလဲ ပြောနေသကဲ့သို့ သူမ စိတ်ထဲမှာ ထပ်ကာထပ်ကာ ဖြစ်နေသည်။ သူမ စဉ်းစားပြီးနောက် ဝိန်ချင်းက သူမအပေါ် ကျိန်စာတိုက်သံကို အမှန်တကယ် ကြားလိုက်ရသည်။

ဝိန်ချင်း ပေါ်လာနိုင်သည့် အများသူငှာ နေရာများတွင် သူမရဲ့ သဘာဝကို ထုတ်ဖော်ပြသလိုက်မိသည် ။

၀မ်ယွမ်ရှန်းဟာ သူ့ကိုယ်သူ လုံးဝပြန်တွေးဖို့ မရည်ရွယ်ခဲ့တာ သနားစရာပါ။  သူမ အမှားတွေအားလုံးကို ၀မ်ဇီဟယ်ကိုသာ အပြစ်တင်ခဲ့တယ်။ ၀မ်ဇီဟယ်က သူမကို တမင်မနှိုးဆော်ခဲ့ဘူးဆိုရင် ဒီစကားတွေကိုပြောထွက်ဖို့အထိ သူမအရမ်းဒေါသထွက်ပြီး မိုက်မဲနေမှာမဟုတ်ပါဘူး။

"ဒီတခေါက် အတူမစားဘဲနေရအောင်၊ မဟုတ်ရင် မစ္စ၀မ်က စိတ်မချမ်းသာအောင် တစ်ခုခုလုပ်မှာကို စိုးရိမ်မိတယ်၊ မင်းက သွေးနဲ့ တောင် ကြိမ်းမောင်းတတ်တာဆိုတော့ ‌နောက်ထပ်အနက်ရောင်ပစ္စည်းတချို့ ပေါ်လာနိုင်ရင် ဆုံးရှုံးရကျိုးနပ်မှာ မဟုတ်ဘူး။” ဝိန်ချင်းက ထပ်ပြောသည်။

After Being Dumped by his Son's FatherWhere stories live. Discover now