Part 13

118 14 2
                                    

"မဟုတ်ဘူး" ၀မ်ဇီဟယ်သည် ဝိန်ချင်း၏လက်ကို ရုန်းကန်နေသော်လည်း ထိုလက်သည် ၀မ်ဇီဟယ်၏လက်ကောက်ဝတ်ကို ပလာယာကဲ့သို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ မည်မျှပင် မလှုပ်နိုင်ပေ။

"၀မ်ဇီဟယ် အပြင်ထွက်ရအောင်"  ဝိန်ချင်းက ထိုအတိုင်းပြောနေတုန်းပင် ၊ သို့သော် အခုတစ်ကြိမ်၌ သူ့စကားက အနည်းငယ် ပိုပြင်းပြပြီး တောင်းဆိုနေသလိုပင် ။

တကယ်တော့ ဝိန်ချင်းက ၀မ်ဇီဟယ် နဲ့ ကျိချန်ခယ်ကို ဘာကြောင့် ဒီလောက်အထိ ဇွဲရှိရှိ ခွဲထုတ်ချင်နေသလဲဆိုတာတောင် နားမလည်နိုင်ခဲ့ဘူး။

သူမသိစိတ်က ကျိချန်ခယ်ကို ၀မ်ဇီဟယ်ရဲ့ကမ္ဘာကနေ ချက်ချင်းပျောက်ကွယ်သွားစေချင်သည် ။ သူ၏ ရူးသွပ်တဲ့မနာလိုစိတ်က သူ့အာရုံကြောတွေထဲ ပြေးဝင်လာကာ သူ့ကို လွှမ်းခြုံလုနီးပါးဖြစ်နေပေမယ့် ဒီအချိန်မှာ သူ့မှာ ဘာမှမလုပ်နိုင်ဘူးဆိုတာ ဝန်ခံရမည် ။ ထို့ကြောင့် သူရဲ့ မနာလိုမှုနဲ့ မကျေနပ်မှုတွေကို ဖော်ပြရုံသာတတ်နိုင်လေသည် ။

ကျိချန်ခယ်သည် ၀မ်ဇီဟယ်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကာ သူကတော့ ၀မ်ဇီဟယ်အတွက် ဘာမှမထူးခြားတဲ့ အတိတ်ကာလတစ်ခုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူ ထိုအခြေအနေကို မကျေနပ်ဘူး ။ ငါးနှစ်တောင်ကြာသွားခဲ့ပြီဆိုပေမယ့် သူ ဒီရလဒ်ကို မလိုချင်ဘူး။ 

သူသည် လျစ်လျူရှုပြီး မနာလိုဟန်ဆောင်သော်လည်း ကျိချန်ခယ်နှင့် ၀မ်ဇီဟယ်တို့သည် သူ့အတွက် အခက်အခဲများကို ကြံ့ကြံ့ခံပြီး မသိဟန်ဆောင်နေသည်ကို မြင်သောအခါ မတ်တပ်မရပ်ဘဲ မနေနိုင်ပေ ။ သူလုပ်ခဲ့တာက ၀မ်ဇီဟယ်ရဲ့ အာရုံစိုက်မှုကို ရချင်ရုံပါပဲ။

"ယုန်ပေါက်လေး " ဝိန်ချင်းသည် သူ၏ နှုတ်ခမ်းကို လှုပ်လိုက်ပြီး သူနှင့် ၀မ်ဇီဟယ် တစ်ဦးတည်းသာ သိသော နာမည်ပြောင်ကို ရုတ်တရက် ခေါ်လိုက်သည်။

ချက်ချင်းပင် ၀မ်ဇီဟယ်သည် ရုတ်တရက် အေးခဲသွားပြီး မျက်လုံးပြူးကာ ဝိန်ချင်းကို တအံ့တသြကြည့်ရင်း အနီရောင်အစင်းများသည် သူ့မျက်လုံးထောင့်များဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ မျက်လုံးနီရဲလာပြီး ကြောက်လန့်တကြားဖြစ်နေသည်။ 

After Being Dumped by his Son's FatherWhere stories live. Discover now