Part 17

64 14 1
                                    

တံခါးပိတ်ခါနီးဖြစ်သော ဝမ်ဇီဟယ်သည် ထိုစကားများကို ကြားလိုက်သောအခါတွင် အံ့အားသင့်သွားခဲ့သည်။ သူ အံ့အားသင့်စွာ တုံ့ပြန်လိုက်သောအချိန်တွင် ဝိန်ချင်းသည် တံခါးဝမှ အခန်းထဲသို့ အလွန်လျှင်မြန်စွာ ၀င်ရောက်လာခဲ့သည် ။

"ဒီစောင့်ကြည့်ရေးဗီဒီယိုကို ကြည့်လို့ရမလား?"  ၀မ်ဇီဟယ်သည် သူ၏စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားသော်လည်း သူ့လေသံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်။  ဒီကိစ္စကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ မထင်ခဲ့မိဘူး။

"မင်းရဲ့ messageကို ပို့ထားပြီးပြီ၊ မင်းသွားကြည့်လို့ရတယ်။"  ဝိန်ချင်းကပြောပြီး စျေးဝယ်အိတ်ကို ထမင်းစား စားပွဲပေါ်တင်လိုက်တယ်။  သူသည် လွန်ခဲ့သော နှစ်ရက်က ဤတွင် တစ်ညသာ တည်းခိုခဲ့သည် ။ ဒုတိယအကြိမ် သူရောက်လာသောအခါတွင် သူက အိမ်ရှင်လိုပင် အေးဆေးတည်ငြိမ်‌နေခဲ့တယ်။

ဝိန်ချင်းသည် စျေးဝယ်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ပြပြီးနောက်၊ ၎င်းသည် စူပါမားကက်မှ ဝယ်ယူသည့် ပါဝင်ပစ္စည်းများဖြစ်ကြောင်း ဝ၎င်မ်ဇီဟယ်က သိလိုက်သည်။ ၀မ်ဇီဟယ်သည်  ဝိန်ချင်းကို ထူးဆန်းသောအမူအရာဖြင့် လှမ်းကြည့်သော်လည်း တစ်ဖက်လူက ပုံမှန်အတိုင်းတည်ငြိမ်နေခဲ့သည် ။

ဝိန်ချင်းသည် ၀မ်ဇီဟယ်က ထမင်းစား စားပွဲမှာတင် ရပ်နေတာကိုတွေ့တော့ ခေါင်းမော့ပြီး မျက်ခုံးပင့်ကာ "မင်း message ကို မကြည့်တော့ဘူးလား" လို့ မေးလိုက်တယ်။

"ခင်ဗျား ဘာလုပ်မလိုလဲ?"  ၀မ်ဇီဟယ်၏ မျက်လုံးများသည် ပါဝင်ပစ္စည်းများကို ကိုင်ဆောင်ထားသော ဝိန်ချင်း၏လက်များပေါ်တွင် ကျရောက်နေသည်။

ဝိန်ချင်းက သာမာန်ကျစွာဖြင့် "ဟင်းချက်မလို" ဟု ပြန်ဖြေသည် ။

၀မ်ဇီဟယ်က မူလက သူ့အိမ်မှာ ညစာမချက်စားလိုကြောင်း ပြောချင်သော်လည်း စက္ကန့်ပိုင်းလောက် တွေးပြီးတဲ့ နောက်မှာတော့ ဝိန်ချင်းရဲ့ ထောက်လှမ်းရေး ဗီဒီယိုကို ပြန်သတိရပြီး တခြားအရာတွေကို သိချင်နေတာကြောင့် ပေါက်ကွဲတော့မယ့် စကားလုံးတွေကို မျိုချလိုက်ပါတယ်။

After Being Dumped by his Son's FatherWhere stories live. Discover now