Part 21

99 13 2
                                    

ဝိန်ချင်းက ရိုးသားစွာပြောသော်လည်း ၀မ်ဇီဟယ်က အံသြသွားသည်။

ဖုန်း၏အခြားတစ်ဖက်တွင်၊ ၀မ်ယွမ်ရှန်းသည် အတိုင်းအတာတစ်ခုအထိ ထိတ်လန့်သွားခဲ့သည်။ ဝိန်ချင်းက သူမရှေ့မှာ ဒီလို သနားညှာတာမဲ့တဲ့စကားတွေ ပြောမယ်လို့ သူမမျှော်လင့်ခဲ့ပေမယ့် အခု ဝိန်ချင်းက သူမ ၀မ်ဇီဟယ်ကို ပြောသောစကားများအား ကြားသွားခဲ့ပြီ ။ သူမသည် ၀မ်ဇီဟယ်ကို တွေ့သည့်အချိန်တိုင်း သူမ၏စကားများသည် သူမဦးနှောက်ကတောင် မထိန်းချုပ်နိုင်ဘဲ စိတ်လှုပ်ရှားစွာပြောတတ်သည် ။

တစ်ချိန်တည်းမှာပင်၊ ၀မ်ယွမ်ရှန်းသည် ၀မ်ဇီဟယ်ကို မုန်းတီးခဲ့သည် ။ အဘယ်ကြောင့် သူက သူမကို သတိမပေးရသနည်း။  သူမရှက်ရွံ့နေပုံကို မြင်ချင်နေတာ မဟုတ်လား။

၀မ်ယွမ်ရှန်းက ၀မ်ဇီဟယ်ကို စိတ်ထဲကနေ ပြင်းပြင်းထန်ထန် ကြိတ်ဆဲလိုက်ပြီး အသံကို ပျော့ပျောင်းလိုက်ကာ အထိတ်တလန့်နဲ့ သနားစရာကောင်းတဲ့ အသံနဲ့ ရှင်းပြတယ် " အစ်ကိုဝိန်ချင်း ၊ အစ်ကို ကျွန်မကို နားလည်မှုလွဲနေတာ၊ ကျွန်မအစ်ကိုနဲ့ ကျွန်မက အရင်ကလည်း ဒီလိုနောက်ပြောင်နေကြပါ ။ ကျွန်မတို့က စနောက်နေတာ ..."

သို့သော် သူမစကားမဆုံးခင် ဝိန်ချင်းက မဆိုင်းမတွ ဖုန်းချလိုက်တယ်။

၀မ်ယွမ်ရှန်း၏ ဟန်ဆောင်သော အသံများသည် လေထဲတွင် ပျောက်ကွယ်သွားပြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။  ဧည့်ခန်းမှ ကာတွန်းအသံများသာ ကျန်ရှိတော့သည်။  ဆိုဖာပေါ်ထိုင်နေသော ကောင်လေးက သူတို့အပေါ် လုံးဝ သက်ရောက်မှုမရှိပါဘူး။ ၀မ်ရှိသည် ဒူးပေါ်လက်တင်ကာ တည့်တည့်မတ်မတ်ထိုင်ပြီး မျက်လုံးဝိုင်းဝိုင်းကြီးများက တီဗီဖန်သားပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်။

၀မ်ရှိ၏မျက်နှာသွင်ပြင်သည် ဝိန်ချင်းနှင့် အလွန်ဆင်တူခြင်းမရှိသော်လည်း၊ ဤကဲ့သို့အဘိုးအိုကဲ့သို့ လေးနက်သောအမူအရာက ဝိန်ချင်းကဲ့သို့ပုံစံတူနီးပါးကို ထွင်းထုထားသည် ။ အထူးသဖြင့် ကလေးလေး၏နှုတ်ခမ်းထောင့်များနှင့် မျက်ခုံးမွှေးများသည် အလွန်ဆင်တူသည် ။  ၀မ်ဇီဟယ်သည် ၀မ်ရှိကိုကြည့်ပြီး ဝိန်ချင်း၏ တင်းမာသောမျက်နှာဖြင့် မျက်မှောင်ကြုတ်နေသည်ကို သူမြင်လိုက်ရပုံရသည်၊ သူတို့ တူညီလွန်းလှသည်။

After Being Dumped by his Son's FatherWhere stories live. Discover now