Part 24

82 11 0
                                    

ဇူချင်း၏တိုင်ကြားချက်ကိုရင်ဆိုင်ရသောအခါတွင် ဒုဥက္ကဌသည် မျက်တောင်မခတ်ဘဲ စာရွက်စာတမ်းကိုကြည့်နေလေသည်။

"ဒီလိုမျိုးကိစ္စက ငါ့ရဲ့ စီမံခန့်ခွဲမှု နယ်ပယ်ထဲက မဟုတ်ဘူး၊ မင်း ငါ့ကို ဒီလိုညည်းညူပြနေတာက ဘာအကျိုးရှိမှာလဲ ။ မန်နေဂျာ၀မ်ရဲ့ အပြုအမူက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ ခံစားရရင်တောင် မင်း ကိုယ့်အလုပ်ကို စိတ်အေးလက်အေးနဲ့ လုပ်တာက ပိုကောင်းမယ်။ အလုပ်နဲ့ပတ်သက်လာရင် မင်းရဲ့ဌာနက ဝန်ထမ်းတွေကို ဆက်သွယ်ပြီး ဒီကိစ္စကို ဒါရိုက်တာဝိန်ထံ  တိုက်ရိုက်သတင်းပို့ဖို့ အကြံပြုချင်တယ် ။ အခု ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းပြီးပြီမို ဝိန်ချင်းက ဒီလိုအကြီးအငယ်ကိစ္စအားလုံးအတွက် တိုက်ရိုက် တာဝန်ရှိတယ်"

"မစ္စတာချန်..." ဇူချင်း၏ လှပသောမျက်နှာမှာ ဖြူဖျော့နေပြီး သူမ သွားများကို အံကြိတ်ကာ သံကို သံမဏီမဖြစ်သည့်အတွက် မုန်းတီးနေပုံပေါ်သော်လည်း သူမသည် တုံ့ဆိုင်းနေသော အပြုံးကို ညှစ်ထုတ်လိုက်သည် " ဒါရိုက်တာဝိန်ကို ဒီလိုသေးငယ်တဲ့အကြောင်းတွေပြောပြရတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ ?"

“ဒါဆို ဒီလိုကိစ္စသေးသေးလေးအတွက် ငါ့ကိုတော့ နှောင့်ယှက်လို့ရတယ်လို့ ပြောချင်တာလား။ "

ဇူချင်းက သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မစ္စတာချန်၊ ကျွန်မ ဒီလိုဆိုလိုချင်တာမဟုတ်ဘူး..."

"ကောင်းပြီ၊ ထပ်မပြောနဲ့တော့ ‌"  ဒုဥက္ကဌသည် ဇူချင်း၏ရှင်းပြချက်ကို စိတ်မရှည်စွာ ရပ်တန့်လိုက်သည်။  သူသည် သူ၏အလုပ်များသောအချိန်ဇယားမှ အချိန်ယူခဲ့သော ဇူချင်းအား အလွန်စိတ်မကြည်စွာပြောလိုက်သည် ။ 

"မင်းကို ငါမသိဘူးထင်နေလား ။ မန်နေဂျာ၀မ်ရဲ့ကျစ်ဆံမြီးတွေကိုသာ ဖမ်းမိရင် မင်းက ထူးထူးခြားခြား ခံစားခွင့်ရမယ်လို့ ထင်နေတာလား ။ ဒီကုမ္ပဏီမှာ ဘယ်သူဆက်နေမလဲဆိုတာ မင်းဆုံဖြတ်နိုင်တဲ့အရာမဟုတ်ဘူး ။ ဒါပေမယ့် ငါမင်းကို ရှင်းရှင်းလင်းလင်းပြောနိုင်တာက ကုမ္ပဏီမှာဆက်နေချင်ရင် တခြားသူတွေရဲ့ ပခုံးပေါ်လက်တင်တာမဟုတ်ဘဲ ကိုယ်ပိုင်ထူးချွန်တဲ့စွမ်းရည်နဲ့ စွမ်းဆောင်ရည်ကို အားကိုးသင့်တယ် "

After Being Dumped by his Son's FatherWhere stories live. Discover now