Part 11

112 18 1
                                    

ကားလက်ကိုင်ပေါ်ရှိ ၀မ်ဇီဟယ်၏ လက်ဆယ်ချောင်းက တင်းကြပ်လာကာ၊ သူသည် ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည် ။  သူ့မျက်နှာသည် ဖျော့တော့ပြီး နှုတ်ခမ်းထောင့်များ နီမြန်းလာကာ ကားကို ဖြည်းညှင်းစွာ ရပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည် ။ "သူငယ်ချင်း"

တကယ်တော့ ဝိန်ချင်းရဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ မေးခွန်းကို သူ ဂရုမစိုက်ချင်ပေမယ့် ဝိန်ချင်းရဲ့ယခင်စိတ်ထားအရ ကားထဲမှာ ပြဿနာဖြစ်လာနိုင်မှာကို စိုးရိမ်မိတာကြောင့် ဝန်လေးစွာ ပြန်ဖြေခဲ့တယ်။ " ဟုတ်တယ်"

ကံမကောင်းစွာပဲ၊ ဒီအကျင့်ဆိုးရှိတဲ့ ဝိန်ချင်းအတွက် ထိုအဖြေက ရပ်တန့်မသွားစေခဲ့ပါဘူး။  သူ ခေါင်းကို လှည့်ပြီး ၀မ်ဇီဟယ်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများက ၀မ်ဇီဟယ်၏ မျက်နှာအသွင်အပြင်ကို ဖြည်းညှင်းစွာ စိုက်ကြည့်နေသည်။

"သူငယ်ချင်း?" ဝိန်ချင်းက နှုတ်ခမ်းကို မြှောက်ပြီး ပြုံး‌နေသော်လည်း အေးစက်နေသော အညိုရောင် သူ၏မျက်လုံးတွေနဲ့ စိုက်‌ကြည့်နေသည် ။ "သူငယ်ချင်းလား ၊ ရည်းစားအသစ်လား ?"

၀ိန်ချင်း၏ မျက်လုံးများသည် ဖြောင့်စင်းနေပြီး ၀မ်ဇီဟယ်၏ ဦးရေပြားကို ထုံကျင်စေသည်။

သို့သော် ၀မ်ဇီဟယ်ကို ဒေါသထွက်စေတဲ့အရာက ဝိန်ချင်းက သူ့ကို အမြဲတမ်း ဒီလို စစ်ဆေးမေးမြန်းတဲ့ အတွက်ကြောင့်ပင် ။

မီးရောင်အောက်တွင် ဝိန်ချင်း၏မျက်နှာပေါ်ရှိ ရွဲ့စောင်းသော အပြုံးတစ်ခု ရှိနေပြီး သူ၏ ပြောင်ပြောင်တင်းတင်း မျက်လုံးများသည် မီးလောင်နေသည့်ဓာတ်ဆီပုံးကဲ့သို့ ဖြစ်နေသည်။

"သူက ငါ့ရည်းစားအသစ်ဖြစ်တော့ရော ဘာဖြစ်လဲ၊ ဝိန်ချင်း လူတိုင်းက အရွယ်ရောက်ပြီးသား ၊ ကလေးသာသာ လှည့်ကွက်တွေကို မကစားနဲ့၊ အဲဒါက စျေးပေါတယ်ဆိုတာ မင်းသိလား။"  ၀မ်ဇီဟယ်က လှောင်ပြောင်သည်။

ဝိန်ချင်း၏ မျက်နှာပေါ်ရှိ အပြုံးအတုများသည် ခဏတာ အေးခဲသွားသည်- "တကယ် ချစ်သူအသစ်လား?"

၀မ်ဇီဟယ်သည် သူ့ကိုယ်သူ ရေရွတ်နေပုံရသည့် ဝိန်ချင်း၏ စကားများကို မကြားချင်ယောင်ဆောင်ကာ  စကားတစ်ခွန်းမှ မပြောဘဲ မီးစိမ်းပြပြီးနောက် ကားကို စတင်လိုက်သည်။

After Being Dumped by his Son's FatherWhere stories live. Discover now