အပိုင်း ၁(Unicode)

190 32 1
                                        

“မင်းအပြစ် မင်းသိတယ်နော်”

“ဟုတ်ကဲ့ သိပါတယ် ဒယ်ဒီ”

အပြစ်သားတစ်ယောက်လို အပြစ်ခံယူရန်
အဆင်သင့်ရှိနေသည့် ခန့်ညားမျက်နှာမှာ
ကြောက်လန့်စိတ်တို့ လုံးဝရှိမနေခဲ့ပါ ။အရင်
တုန်းကအတိုင်းဆို လက်မခံနိုင်လောက်တဲ့
အပြစ်မျိုးလုပ်မိလျှင် လက်ညှိုးတစ်ချောင်း
သာသာ ထုထည်ရှိတဲ့ ကြိမ်လုံးနှစ်လုံးပူးဖြင့်
ကျေနပ်တဲ့အထိရိုက်တဲ့ ဒယ်ဒီ့ရဲ့ဆီမှာ နောက်ထပ်အပြစ် မလုပ်မိဖို့ကို ထပ်၍
မတွေးခဲ့မိဖူးသည်အထိ ‌ကြောက်ခဲ့ရသည်။

ဒီတစ်ကြိမ်တော့ ကိုယ့်စိတ်အလိုဆန္ဒအတိုင်း
လုပ်ခဲ့မိတဲ့အပြစ်မလို့ ခံယူရန်လည်း ကြောက်‌မနေခဲ့ပေ။ သူ့ကြောင့် လုပ်ခဲ့ရတဲ့ အခြေ‌အနေဖြစ်လို့ ပြောမပြတက်အောင် ကျေနပ်ရပါသည်။

တစ်ကြိမ်ပဲ ဒီတစ်ကြိမ်အနာခံလိုက်ရုံ နဲ့ မင်း
အနီးနားမှာ ငါအမြဲရှိနေဖို့ အခွင့်ရေးထပ်ရပီ။
မင်းလာစရာမလိုပါဘူး မင်းရှိတဲ့နေရာကိုငါကဘယ်လိုအခက်ခဲပဲရှိရှိ ၊ဘယ်လိုမကောင်းတဲ့အရာမျိုးတွေကိုပဲ ကျော်ဖြတ်ရကျော်ဖြတ်ရငါလာမယ် ၊ဘာတွေကိုပဲရင်းရပါစေ ငါအကုန်လုံးကိုရင်းပြီး မင်းအနားရှိနေနိုင်ဖို့ ကြိုးစားမိဦးမှာ။

ဖြောင်း !!    ဖြောင်း !! ဖြောင်း !!

ကျော အထက် ကျလာတဲ့ ရိုက်ချက်တွေသည်ပြင်းလွန်းလှသည် ၊ တစ်ချက်ချင်း အရှိန်ပြင်းစွာ ကျရောက်လာတဲ့ ကြိမ်လုံးဒဏ်တို့သည် အတွင်းပိုင်း အထိနာကျင်သည်ဟုထင်ရလောက်အောင်ကိုပြင်းသည် ။ နာကျင်မှုကြောင့် အလိုလျှောက်ကျလာတဲ့ မျက်ရည်တွေကြားထဲမှပြုံးဖြစ်အောင်လဲပြုံးလိုက်မိသေးသည် ။ မင်းကငါ့အတွက်ပန်းတိုင်များလား။

အမြဲတမ်းအမြင့်ကိုရောက်စေချင်တဲ့ ဒယ်ဒီ့
စိတ်ကိုလည်းနားလည်သည် ။ဒယ်ဒီ့ရဲ့အရှိန်
အဝါကို အမြဲကြည့်နေရတဲ့ သားတစ်ယောက်
အဖို့ ဒယ်ဒီကျေနပ်အောင် ပြိုင်ပွဲမှန်သမျှဝင်
ပြိုင်သည် ၊မြို့နယ်အဆင့် တိုင်းအဆင့်ထိရောက်အောင် တက်ကာ ပထမဆုအမြဲယူပေးခဲ့သည်။

ဒါပေမဲ့ လူတွေရဲ့ပါးစပ်ပေါ်တွင်တော့ သူက
ဝန်ကြီးရဲ့သားပဲရမှာပေါ့ ဆရာတွေကိုဘယ်လိုလာဘ်ထိုးလဲမှ မသိတာ ဆိုတဲ့စကားတွေကိုအမြဲကြားနေရသည် ။ ချီးကျူးစကားဆိုတာတော့ဆရာမတွေလောက်သာပြောကြသည် ဒါတောင်ကိုယ့်ကွယ်ရာမှာ ဘယ်လိုပြောနေကြမလဲဆိုတာခန့်မှန်းမိပါသည်။

ပုံပြင်ဟောင်း(Unknown)Where stories live. Discover now