အပိုင်း(၉) Unicode

112 10 1
                                        

အိမ်ထဲတံခါးဝမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတဲ့အမေသည် ပြန်လာတဲ့လမ်းထက်ကသားဖြစ်သူ မြင်တော့ ခြံရှေ့ကိုထွက်လာခဲ့သည်။ မပြေရုံတမယ်ခြေလှမ်းတွေနှင့်အမေအတူအမေ့ရဲ့မျက်နှာသည်လည်းသုန်မှုန်နေသည်။

တစ်ခုခုကိုစိုးရိမ်သဖွယ်ရှိနေသည့် အရိပ်အယောင်ဆိုတာလည်း မပြောပဲနှင့်
ကျွန်တော်သိပါသည်။အဖေ့စကားဆိုတစ်ခွန်းကိုတစ်ခွန်းဆိုသလို နာခံတက်တဲ့အမေသည် သားသမီးတွေနှင့်ပတ်သက်လျှင်လည်း ဘာမှဝင်မပြောရဲ။ချစ်လို့ယူထားတဲ့ ကြင်သူမောင်နှံဖြစ်ပေမဲ့ အရာရာဦးဆောင်နိုင်တဲ့အဖေ့ကိုတော့အမေကလေးစားသလို ကြောက်လည်းကြောက်ရသည်။

သုန်မှုန်နေတဲ့မျက်နှာက နေမကောင်းသေးလို့
ဖျော့တော့နေပေမဲ့ အလှတော့မပျက် ၊အမြဲတမ်းလှအောင်နေတဲ့သူမသည် သူမအသက်နှင့်လည်းမလိုက်ဖက်အောင် နုနေပါသည်။

“ဘာလို့အပြင်ထွက်လာတာလဲ အမေရာ
နေကောင်းသေးတာလည်းမဟုတ်ဘဲနဲ့”

စိတ်ပူပန်လွန်လို့ လေသံကျယ်မိသွားတဲ့ ခန့်ညားသူ့လေသံကို သူပြန်လျှော့လိုက်သည်။

အမေက ကျွန်‌တော့် လက်တစ်ဖက်ကို သူ့လက်တစ်ဖက်နှင့်ခပ်ဖွဖွဆွဲကာ အိမ်ထဲကို ကိုင်လျက်ခေါ်လာသည်။အိမ်ခြံအထဲရောက်သည်နှင့် တစ်ဖက် ကားများရှိရာအခြမ်း နားကို ထပ်မံခေါ်သွားသည်။အိမ်ထဲကို လည်း လှမ်းပြီးအကဲခတ်လိုက်ရသေးသည်။

“သားကြီး မင်းကိုမင်း အဖေ တော်တော်စိတ်ဆိုးနေတယ်နော် ၊အမေကိုလည်းပြောပါဦး မင်းဘာတွေလျှောက်လုပ်နေတာလဲဟင်”

အမေ့ရဲ့အသံတွေသည် ငိုသံစွတ်စွတ်ရောယှက်နေသည်။

“ဒီလိုပါပဲအမေရာ သားမသွားချင်တော့လို့”

“ခန့်ညား”

ကျယ်သွားတဲ့အသံကို ပြန်ထိန်းရင်း အိမ်ထဲကိုပြန်ကြည့်လိုက်ရသေး သည်။အကြောင်းအရင်းကတော့အဖေအထဲမှာရှိနေသည်ကြောင့်ဖြစ်ပေလိမ့်မည် ‌။

“အဲ့တာ အဖြေမဟုတ်ဘူးသား မင်းအမေ့ကို
ဘယ်တုန်းကလိမ်တက်သွားတာလဲဟင် ၊ အမေ့ကိုအမှန်တိုင်းပြောပါလားသားရယ် မင်းအဖေကိုအမေ ပြောပေးမှာမလို့ အမေ့ကို အမှန်တိုင်းတော့ပြောပြပါနော် သားကြီး”

ပုံပြင်ဟောင်း(Unknown)Where stories live. Discover now