မနက်ခင်းစာသင်ချိန်ပြီးလျှင်တစ်နေ့လုံးက
နားနေရသည်။ညနေပိုင်းမှ စာသင်ချိန်ပြန်စ
သည်။ စနေတနင်္ဂနွေပဲ နေ့လည်ပိုင်းချိန်ရှိတာ
ဖြစ်သည်။ ဒီနေ့ ဗုဒ္ဓဟူးနေ့ဖြစ်တာကြောင့်
မနက်ပိုင်းချိန်အပြီး စာပဲထိုင်ကြည့်နေရသည်။
အဆောင်ရှိသူများက အပြင်သွားသူကသွားကြသည်။အိပ်နေတဲ့သူနှင့်စာကြည့်နေတဲ့သူသာ အဆောင်ထဲရှိနေကြသည်။ကျန်တဲ့သူများကခင်ခင်မင်မင်စနောက်ပျော်ရွှင်စွာနေကြပေမယ့် ကျွန်တော်ကသီးသန့်နေသည်။သူတို့နှင့်ရောရောနှောနှောဝင်မပြောမိပါ။ကိုယ်တိုင်ကအေးအေးဆေးဆေးနေတက်တာကြောင့်လည်း
ဖြစ်သည်။
Chemistry Formula တွေထိုင်ကြည့်ရင်း
အိပ်ငိုက်ချင်သလိုဖြစ်လာတာကြောင့်ခြံထဲလမ်းလျှောက်ရန်ထွက်လာခဲ့သည်။မိုးတွင်းဘက်ကူးသည့်ကာလမလို့ မိုးအနည်းငယ်ကအုံ့ဆိုင်းနေသည်။ လေတစ်ဖြူးဖြူးတိုက်လျှက်ရှိကာအနည်းငယ်နေလို့ကောင်းနေသည်။
ခြံပြင်ဘက်သစ်ပင်အောက်ရှိ လူသုံးယောက်ထိုင် ခုံတန်းပေါ်တွင်တစ်ဦးတည်းနေရာယူထိုင်လိုက်ကာ ကားလမ်းပေါ်ရှိ ယာဉ်ကြီး ၊ယာဉ်ငယ်တို့ကိုငေးကာ အိပ်ချင်စိတ်ကိုဖြေဖျောက်ရသည်။အဆောင်က ရန်ကုန်ပြည်ကားလမ်းဘေးကပ်ရပ်တွင်ရှိသည်။အပြင်ထွက်လိုက်သည်နှင့် အဆောင်
ဘက်ခြမ်းတွင် အသုတ်ဆိုင် မုန့်ဆိုင်တို့ရှိသည်။စရောက်ခါစဖြစ်သောကြောင့် ထိုဆိုင်ကိုလေ့လာကာနောက်နေ့သွားစားရန်စိတ်ကူးလိုက်သည်။
“ဟဲ့ ဘာတွေငေးဆွေးနေတာလဲ”
အနောက်ဘက်က လှန့်သည့်အသံကြောင့်
လူပါလန့်ကာ ခန္ဓာကိုယ်ပါ တုန်သွားရသည်။
ဒီလိုလုပ်တာဆိုလျှင်တော့ တခြားသူမရှိပေ
အမြဲတမ်းစနေကြဖြစ်တဲ့
“မိုးကြီး နင်ကလည်းဟာအလန့်တကြားလုပ်
ပြန်ပီ ဖြည်းဖြည်းခေါ်တော့ နင့်ကိုဘယ်သူလုပ်မှာမလို့လဲ”
“ဟယ် နင်ကလည်းအသည်းငယ်လိုက်တာ
ယောင်္ကျားကြီးဖြစ်ပြီးတော့”
လန့်အောင်လုပ် တာကသူကို ဒီကအလုပ်ခံရတဲ့သူကပြန်ပီးပြောနေသေးသည်။မိုးကြီးဆိုသည်မှာဒီကလေသံမမာလိုက်နဲ့ မာလိုက်တာနဲ့သူကစွာမယ်ဆိုတာကြီးပင်။
