အပိုင်း(၇) Unicode

58 10 1
                                        

“ဘာအတွက် လိုချင်တာလဲ”

အမေးသာရှိပေမဲ့ ဦးသွင်ဦးရဲ့အကြည့်တွေက
ခန့်ညားဆီတွင်ရှိမနေပါ။အလုပ်ကနံပါတ်တစ်လို့ ခံယူထားတဲ့ သူက ဘယ်လိုအလုပ်မျိုးမှာပဲဖြစ်ဖြစ်အောင်မြင်သည်။သုံးဆယ် တစ်နယ်လုံးသာမက ရန်ကုန်အထိပါ ကိုယ်ပိုင်ဆိုင်ကြီးတွေသွားဖွင့်နိုင်သည်အထိ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးလည်းဖြစ်သည်။

သူ့အောင်မြင်မှုနှင့်မကျေနပ်ဘဲ သားနှစ်ယောက်ကိုပါ အမြဲတမ်း နံပါတ်တစ်ဖြစ်နေအောင်လည်းပုံသွင်းထားသည်။အဖေဖြစ်သူရဲ့ စည်းစနစ်ကြီးမှုကြောင့် သားနှစ်ယောက်က လူသူများအကြားချီးကျူးခံရတယ်။ စည်းကမ်းသည်လူတန့်ဖိုးလို့ အမြဲဆုံးမတက်တဲ့ အဖေ့ကိုတော့ သားနှစ်ယောက်ကချစ်ကြောက်ရိုသေကြသည်။

ခုလည်း အခန်းထဲထိကိုယ်တိုင်လာပြီး ကင်မရာဝယ်ခိုင်းရန်တောင်းဆိုနေသည့်သားဖြစ်သူကိုမေးခွန်းထုတ်နေသည်။အခန်းထဲဝင်ခွင့်တောင်းကတည်းက တစ်ခုခုလိုအပ်လို့ လိုချင်လို့ဆိုတာဦးသွင်ဦးသိသည်။သားကြီးဖြစ်သူက ဘယ်တော့မဆို လိုအပ်မှသာအခန်းထဲလာတက်သည်။မလိုအပ်လျှင် အဖေဖြစ်သူနှင့် မျက်နှာချင်းတောင်ဆိုင်မယ့်လူစားမျိုးမဟုတ်ပါ ဒါကိုလည်းဦးသွင်ဦးကသိထားသည်။

“ဘာအတွက်ဆိုတာ မေးခွန်းထုတ်မနေပါနဲ့
ဒယ်ဒီ ၊ ထုံးစံအတိုင်း အပေးအယူဆိုတော့
ဒယ်ဒီ့ဘက်ကဖြစ်ချင်တာပြောပါ”

စာရင်းစာရွက်ကိုကြည့်ရင်း အဓိပ္ပာယ်ပါတဲ့
အပြုံးကို ပြုံးလိုက်သည်ကဦးသွင်ဦး ဒါကို
တော့ ခန့်ညားမြင်လိုက်မည်မဟုတ်ပါ။

ဦးသွင်ဦး သူပုံစံသွင်းထားသလိုဖြစ်နေတဲ့ သူ့သားကြီးအတွက်သူကျေနပ်နေသည်။

“ဟုတ်ပြီ ၊ ဘာအတွက်လဲဆိုတာတော့ငါ‌မမေးတော့ဘူ”

ခန့်ညား သူ့အဖေဆီမှ အပေးအယူကို စိတ်ဝင်စားနေသည်။အကြည့်တွေကအ‌ဖေဖြစ်သူဆီမှတစ်ချက်မလွှဲ။

“မင်းဆီကငါလိုချင်တာက နောက်လ
ခုလ ၁၀ ရက်နေ့ တိုင်းကလုပ်တဲ့ သင်္ချာစွမ်း
ရည်ပြိုင်ပွဲမှာ ပထမရအောင်ယူပေးရမယ်
ပြိုင်မဲ့နေရာက နေပြည်တော် မှာ”

ပုံပြင်ဟောင်း(Unknown)Место, где живут истории. Откройте их для себя