“ဟယ် သားခန့် စောစောစီးစီး တစ်ယောက်ထဲလာတာလား”
အသီးအရွက်ဆိုင်ထဲဝင်မယ့်ခြေလှမ်းတို့သည်တစ်စုံတစ်ယောက်၏မေးမြန်းမှုကြောင့်ရပ်တန့်သွားသည်။
“အော် အန်တီနု ၊ ဟုတ်တယ် မေမေနေမကောင်းလို့ အဲ့တာဈေးလာဝယ်ပေးတာဗျ”
အန်တီနုဆိုသည်က ကျွန်တော်တို့ကျောင်းရဲ့
အစောင့်ဖြစ်သူ ဦးမြ၏ဇနီးဖြစ်သည်။အန်တီနုတို့မိသာစုက ကျောင်းထွက်ပေါက်ရဲ့အပြင်ဘက်ကျောင်းရဲ့နံရံနဲ့ကပ်ရပ်ဘေးတွင် တဲအိမ်လေးတစ်လုံးထိုးပီးနေကြသည်။သားသမီးကလည်းသုံးယောက်တောင်ရှိသည်။
ချို့တဲ့နေတဲ့မိသာစုဖြစ်လို့ အကြီးဖြစ်တဲ့ကောင်လေးနှစ်ယောက်ဆိုမြို့ထဲတွင် တောင်းရမ်းကာဝမ်းရေးကိုဖြေရှင်းရသည်။တစ်ခါတစ်လေတွေ့ရင်သူတို့လေးတွေကိုမုန့်ဖိုးပေးဖြစ်သည်။ထိုကလေးတွေကဘယ်နေရာမှာပဲတွေ့တွေ့ ကိုကြီးခန့်ဟုအမြဲခေါ်ပီးစကားလာလာပြောပါသေးသည်။သူတို့မိသာစုရဲ့အငယ်ဆုံးသမီးကတော့ကျောင်းတက်သည်။
“အန်တီနု ရော့ ဒါဟိုနှစ်ကောင်ကိုပေးလိုက်
ဒီအပတ်မတွေ့ရလို့ အဲ့ဒီ့ကောင်တွေကိုမုန့်ဖိုး
မပေးရသေးဘူး”
အိတ်ထဲက တစ်ထောင်နှစ်ရွက်ကိုထုတ်
ပီး အန်တီနုလက်ထဲထည့်ပေးလိုက်သည်။
“အားနာစရာကြီးသားရယ် ၊မင်းဒီလို ပေးလို့
လည်း သူတို့ကမင်းကိုခင်တွယ်နေတာ ၊ဒါနဲ့
သားအမေက ဘာဖြစ်တာတုန်း”
“ဖျားတယ်လို့ပဲပြောရမှာပေါ့ မေမေကနှလုံး
အခံကလည်းရှိတယ် နည်းနည်းလေးဖျားတာနဲ့လူကပျော့နေတာ အန်တီနုရေ”
“အော် ဒါကြောင့်သားက အမေကိုယ်စားဈေးလာဝယ်ပေးတာကို လိမ္မာလိုက်တာကွယ် ၊သဘောလည်းကောင်း ၊ယဉ်ကျေးလိမ္မာတဲ့နေရာမှာလည်းနှစ်ယောက်မရှိတဲ့ သားလေး လိုချင်တဲ့အရာ ၊ဖြစ်ချင်တဲ့အကြံအစည်၊ လုပ်သမျှတိုင်းအောင်မြင်ပါစေရှင်”
အန်တီနုရဲ့ဆုတောင်းသံနင့်အတူ သူနဲ့အတူတူရှိနေမယ့်ပုံရိပ်တွေကို တွေးတောစဉ်းစားမိတော့မျက်နှာကအလိုလိုရယ်သွေးဖျာရပြန်သည်။ဘဝမှာ အလိုချင်ဆုံးအတောင်းတဆုံးက သူပဲရှိတာမလို့ အန်တီနုရဲ့ဆုတောင်းကို ဝမ်းပန်းတသာလက်ခံလိုက်သည်။
