“မင်း ဒီလိုပဲလုပ်နေတော့မှာလား”
အသင့်ဝယ်လာတဲ့ ကောက်ညှင်းပေါင်းပူပူလေးကို တင်နေကြခုံလေးပေါ်တင်လိုက်ပြီး ကိုယ်ပိုင်အတွေးတို့နဲ့ကြည်နူးမိနေစဉ် ဇာနည်ရဲ့ မေးခွန်းတစ်ခုကြောင့် အတွေးတို့ ရပ်တန့်သွားခဲ့သည်။
“ဘာကိုလဲ”
“ဘာကိုရမှာလဲ မင်းဒီလိုမျိုး သူကြိုက်တဲ့မုန့်
တွေကို သူမသိအောင် နေ့တိုင်းလာထားနေတော့မှာလား ၊သူသိအောင် သူနဲ့ရင်းနှီးအောင်ရောနည်းနည်းပါးပါးမလုပ်ချင်ဘူးလား”
ဇာနည် ရဲ့အားမလိုအားမရဖြစ်နေသောလေသံတွေသည် ကျွန်တော့်ကိုပြုံးစေသည်။ဇာနည်ကကျွန်တော့်အကြောင်းအကုန်သိသူဆိုလည်းမမှားပေ။ငယ်စဉ်ကတည်းက ခုအချိန်ထိ ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ဖူးတာ ဒီကောင်ပဲရှိသည်။အိမ်ကိစ္စက အစအချစ်ရေးအဆုံး သူ့ကိုပဲပြောဖြစ်သည်။အဖေ့မျက်နှာကြောင့်ပေါင်းခဲ့ရတဲ့ သူငယ်
ချင်းတွေရှိပေမဲ့ ကိုယ်ပေါင်းစိတ်ခွာပဲအမြဲနေ
ဖြစ်သည်။ဇာနည်နဲ့ကကြတော့ ငယ်ရင်းတွေဖြစ်သည့်အပြင် စိတ်တူကိုယ်တူရှိကြသည်မလို့နှစ်ယောက်စလုံးရဲ့ ကိစ္စသေးသေးကအစ ကိစ္စအကြီးကြီးအဆုံးအချင်းချင်းတိုင်ပင်ဖြစ်သည်။
သုတလေးကို ချစ်မိနေပီလို့ သိလိုက်ရတဲ့အချိန်သူ့ဆီကအထင်သေးခံရမလားလို့တွေးခဲ့မိသည်။သို့ပေမဲ့ ဖွင့်ပြောလိုက်တော့ အထင်မသေးမဲ့အပြင်မြှောက်ပါမြှောက်ပေးသည်။အချစ်ကိုအဖြူအမည်း ၊အထီးအမ မခွဲကြတက်သည့်သူက ခွဲခြားတက်တဲ့လူ့အသိုင်းဝိုင်းကိုတောင်ကြည့်မရကာ မုန်းတယ်လို့ပင်ဆိုသေးသည်။ဘာပဲဖြစ်ဖြစ် သိထားတဲ့သူတစ်ယောက်ရှိတော့အကောင်းအဆိုးတိုင်ပင်လို့ရသေးသည်လေ။
“နေပါစေတော့ကွာ၊ ပီးတော့ သူက ကလေးသာသာပဲရှိပါသေးတယ် ဇာနည်ရ”
ကိုယ်ကတစ်ပြန် နှစ်သိမ့်ပေးသည့်အနေဖြင့်
ဇာနည့်ပခုံးကိုခပ်ဖွဖွလေးပုတ်ပေးဖြစ်သည်။
“ဟုတ်တော့ ဟုတ်ပေမယ့် မင်းနဲ့မှသိပ်မကွာတာမင်းကရော ကလေးမဟုတ်လို့လား”
ဇာနည်ရဲ့အလိုမကျမှုတွေက သူ့မျက်နှာပေါ်မှာထင်းခနဲ။မျက်ရိုးနှစ်ခုကို ကျုံ့ပြီး နှုတ်ခမ်းကတစ်ဖက်ကိုရွဲ့ကာ လူကိုသေချာကြည့်ပီးပြောနေသည်။
