“ဒီမှာ အဲ့တာအကိုထိုင်တဲ့နေရာနော်ကောင်လေး”
စကားသံအမျိုးမျိုးတွေကြားနေရတဲ့ စာသင်တဲ့အခန်းက သူ့အသံကြောင့်ရပ်သွားတယ်။အားလုံးက ဝင်လာကတည်းကသူကြည့်နေကြပေမဲ့ ခုအချိန်မှာတော့ ကျွန်တော့်ကိုကြည့်နေကြသည်။
နေပါဦး ငါဝင်ထိုင်တုန်းကမပြောကြပဲနဲ့ ခုမှ
ငါ့ကိုအပြစ်သားတစ်ယောက်လိုကြည့်နေကြ
တာ ဘာသဘောလဲ ငါ့အမှားလည်းမဟုတ်ပဲနဲ့။
လူကနည်းနည်းတော့စိတ်မကြည်မလင်ဖြစ်သွားသည်။
“အော် ဟုတ်”
အနားတစ်ဝိုက် တစ်ယောက်ထဲထိုင်တဲ့ခုံအလွတ်ကမရှိတော့တာကြောင့် တွေ့ရာနေရာဝင်ထိုင်ရန်ထလိုက်သည်။
“နေနေ အကို အရှေ့ပဲသွားထိုင်တော့မယ် ၊
ဟေ့ယောင် ရှင်းခန့် ငါမင်းအနားလာထိုင်လို့
ရတယ်မလား”
ထသွားဖို့ပြင်နေတဲ့ခြေလှမ်းက တိခနဲရပ်သွားတယ်။ ခပ်တည်တည်နဲ့ အရှေ့တန်းက သူ့သူငယ်ချင်းဖြစ်ဟန်တူသည် တစ်ယောက်ဘေးကိုသူကသွားထိုင်လိုက်သည်။ သူရဲ့တည်ငြိမ်ပုံက မနာလိုစရာကောင်းလိုက်တာ။
ဒီလိုမျိုး ဦးစားပေးတော့လည်းဘယ်ဆိုးလို့လဲဆက်ဆံရေးတော့မဆိုပါဘူး။ဒါပေမဲ့ ခက်တာကကိုယ့်ရဲ့ဆက်ဆံရေး ၊ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူးလေ ။ ကျွန်တော်က ငယ်သူငယ်ချင်းကလွဲလို့ ခင်မင်တဲ့သူရှားသည်။မြို့ကျောင်းရောက်တော့ပိုဆိုးခဲ့သည်။မေသူတို့အဖွဲ့မှလွဲပီး ကျန်တဲ့သူကို အဆင်ပြေပြေ မဆက်ဆံတာကြောင့် အခန်းထဲမှာ ဆိုဒ်ကြီး ဂိုက်ကြီးလို့
အပြောခံရသည်။ပေါင်းရခက်တဲ့သူမျိုးမဟုတ်ပေမယ့် ကိုယ့်ဘက်က ခင်မင်လို့ရောတယ်ဆိုတာ ခုထက်ထိမရှိခဲ့ပေ။
သူငယ်ချင်းမရှိ ဆက်ဆံရေးမကောင်းတဲ့
ကျွန်တော်ဒီ ဘော်ဒါနဲ့အဆင်ပြေဖို့ပဲဆုတောင်းမိသည်။ ကျောင်းထွက်ရမယ်လို့
ကြိမ်းမဲ့ အမေ့အသံတွေကိုမကြားချင်ရင် ဒီ
ဘော်ဒါမှာ မြဲမှရမှာဖြစ်သည်။
ပထမဆုံးစာသင်ချိန်သည် အတွေးတွေနဲ့ပဲ
အချိန်ကုန်သွားသည်။ ဒါ စတင်ခဲ့တဲ့ ပထမရက်
