Ep 1 unicode

46 6 0
                                    

၂၀၂၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်း

နွေရာသီဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ခြောက်သွေ့နေတယ်
သစ်ရွက်ကြွေတွေဟာလည်း မြေပြင်ပေါ်ကို တဖြုဖြုတ် ကျဆင်းနေတယ်
Beijing ရဲလမ်းမပေါ်မှာလည်း ရုံးသွားဖို့ ကျောင်းသွားဖို့ လုပ်နေတဲ့ လူတွေပါလာတဲ့ ယာဥ်ကြောတန်းဟာလည်း ပူပူလောင်လောင်နဲ့ ပြည့်နှက်နေခဲ့တယ်
ကျောင်းသားလေးတွေဟာလည်း busကားပေါ်မှာ အိမ်စာအကြောင်း ဘာအကြောင်း ထွေရာလေးပါး ပြောနေကြတယ်
အိမ်ရှင်မတချို့ကတော့ စျေးဝယ်ပြန်ပြီး ဟင်းအမီချက်နိုင်ဖို့ စိတ်လောနေကြသလို တချို့ကတော့ စကားဖောင်ဖွဲ့ပြောနေကြတယ်
သမီးရည်းစားတွေကတော့ ပူလောင်နေတာကို သတိမထားမိကြဘဲ သူတို့ရဲ့ အချစ်တွေနဲ့ ပျော်ရွှင်နေကြလေရဲ့
ဇူလိုင်လရဲ့ ပူလောင်လှတဲ့ နွေရောင်အောက်မှာ တစ်စုံတစ်ယောက်ကတော့ ငေးငိုင်နေပုံပါပဲ
ဘာကြောင့်များပါလိမ့်
အရပ်ရှည်ရှည်နဲ့ ခန္ဓာကိုယ် အချိုးအစားကျကျ အသားအရေက အညိုဘက် အနည်းငယ်သမ်းနေတဲ့ လက်မှာ သွေးကြောစိမ်းလေးတွေနဲ့ သူဟာ စပို့ရှပ် အပြာအကျီလေးနဲ့ style pan ဘောင်းဘီအနက်ရောင်တစ်ထည်ကို တွဲဝတ်ဆင်ထားတယ်
မျက်နှာကလည်း အပြစ်ပြောစရာမရှိဘူး မျက်လုံး မျက်ခုံး ကောင်းကောင်း နှာတံစင်းစင်းနဲ့ နှုတ်ခမ်းအောက်မှာလည်း မှဲ့နက်လေးတစ်ခုနဲ့ တန်ဆာဆင်ထားပြန်တယ်
အပြုံးလေးတစ်ခုပါ အပိုအလှဆင်ထားရင် ပြီးပြည့်စုံသွားမယ်ဆိုပေမယ့် မှဲ့ပိုင်ရှင်က ခပ်တည်တည်အနေအထားမှာပဲ ရှိနေတယ်
သူ့ကို မြင်တဲ့ အထက်တန်းဝတ်စုံတွေနဲ့ ကျောင်းသူလေးတွေကတော့ ဓာတ်ပုံတွေခိုးရိုက်နေကြတယ်
ပုံမှန်ဆို သူ တစ်ခုခု ပြန်ပြောမိချင်မိမယ်
ဒါပေမယ့် အခုတော့ သူ့မှာ ရင်ပူစရာ ရှိနေတာကြောင့် ဘာမှ မလုပ်မိဘူး
ကား driverရဲ့.... မှတ်တိုင်ကို ရောက်ပြီဆိုတဲ့ အသံကြားတာကြောင့် သူ busကားပေါ်က ဆင်းဖို့ ပြင်လိုက်တယ်
ပြီးတော့ သူ့ရဲ့နေရာမှာ ရှေ့က ကောင်မလေးကို နေရာပေးလိုက်တယ်
အ့ကောင်မလေးက သူ့နောက်က လူကြီးက သူ့ကို ထိကပါးရိကပါးလုပ်နေတာကြောင့် စိတ်ရှုပ်နေပုံရတယ်
သူလဲ ညီမချင်း ကိုယ်ချင်းစာလို့ ကောင်မလေးကို ထိုင်ခိုင်းလိုက်တယ်
ကောင်မလေးက ကျေးဇူးတင်စကားဆိုပြီး သူ့ကို ပျော်ရွှင်တဲ့နေ့ရက်လေး ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပေမယ့် သူ့မှာ မပျော်နိုင်ဘူး
မှတ်တိုင်ကနေ လမ်းတစ်လျှောက် မှန်မှန်သာ လျှောက်နေခဲ့မိတယ်
ခြေလှမ်းကျဲကျဲတွေက တစ်နေရာကို ဝင်သွားခဲ့တယ်
သူဝင်သွားခဲ့တဲ့နေရာလေးက ''Jing Hwa General Hospital (ကျင်းဟွာ အထွေထွေဆေးရုံကြီး)''ဆိုတဲ့နေရာပဲ ဖြစ်တယ်
သူက ဆေးရုံကို ဘာကိစ္စ လာတာများပါလိမ့်
သူ့ပုံစံက ခန္ဓာကိုယ်အပြင်ပန်းကတော့ ကျန်းမာပုံပေါ်နေတယ် ဆေးလာပြတာတော့ မဖြစ်နိုင်လောက်ဘူး
လူနာလာမေးတာများလား
အပြာရောင်ပုံရိပ်လေး ဆေးရုံကောင်တာကို ဖြတ်သွားခှန်မှာ ကောင်တာက nurseမလေးတွေနဲ့ စာရေးမလေးတွေက နှုတ်ဆက်ကြတယ် သူက ဘယ်သူများပါလိမ့် အားလုံးက အရေးတယူလုပ်နေကြတယ်ဆိုတော့ကား
အပြာရောင်ပုံရိပ်လေး က အခန်းတစ်ခုထဲ ဝင်သွားခဲ့ပြီး ခဏနေတော့ ပြန်ထွက်လာခဲ့တယ်
ပြန်ထွက်လာတဲ့အချိန် သူဟာ အပြာရောင် စပို့ရှပ် အကျီလေးအစား အဖြူရှောင်လက်ရှည်အကျီနဲ့ အပေါ်က ဂျူတီကုတ်အဖြူလေးတစ်ထည်ကို ဝတ်ဆင်ထားတယ်  အ့ဆို သူ...က ဆရာဝန်တစ်ယောက်ပေါ့
ဂျူတီကုတ်မှာလည်း 'Dr.ရှောင်းရှောင်ကျန့်
ခွဲစိတ်ဌာန အဖွဲ့မှူး ကျင်းဟွာ အထွေထွေဆေးရုံ' လို့ရေးထားတယ် မှဲ့ရှင်လေးနာမည်က ရှောင်ကျန့် တဲ့လား

You💞💞💞(unicode + zawgyi)Where stories live. Discover now