Ep 7 part1 Zawgyi

19 1 0
                                    

ရိပေါ် ဒီနေ့ မျက်မြင်သက်သေ တစ်ယောက်ကို ''ချစ်သော '' တို့ဆေးရုံမှာ သွားပြီး စစ်ဆေးမေးမြန်းရမှာ
အ့ကနေ တစ်ခါတည်း ''ချစ်သော '' ကို ကြိုခဲ့တော့မယ်
အ့လိုစိတ်ကူးပြီး ''ချစ်သော''တို့ ဆေးရုံကို ရောက်လာခဲ့တယ်
ကောင်တာမှာ မျက်မြင်သက်သေဖြစ်သူရဲ့ အခန်းကို မေးနေတုန်း ''ချစ်သော'' နဲ့ ခင်တဲ့ သူနာပြုအစ်မ ကျန်းယန်လီကျဲနဲ့ တွေ့တော့တယ်

"ဝေ့ နိဟောင် ရိပေါ် ''

"ဟုတ် နိဟောင် ကျဲ''

"အားကျန့်ကို လာကြိုတာလား အားကျန့်က ဂျူတီ မပြီးသေးဘူးထင်တယ်''

"မဟုတ်ဘူးဗျ ဟို ဆေးရုံတက်နေတဲ့ သူကို အမှုမှာ မေးစရာရှိလို့ပါ ပြီးတော့မှ ကော ကို ကြိုမှာရယ်''

"အာ ဟုတ်လား ''

"ဟုတ်ကဲ့ ကျဲ''

" ဒါနဲ့ မနက်ဖန် အားကျန့်က ဂျူတီ မရှိဘူး ဆိုတာကော သိလား''

"ဗျာ ဟုတ်လား''

"အားကျန့်က မပြောရသေးဘူးလား''

"ဟုတ်ကဲ့ ကော က မပြောရသေးဘူးဗျ''

" မနက်ဖြန်က အားကျန့်ရဲ့ မွေးနေ့လေ အ့ကြောင့် ဂျူတီ offတာလေ''

"အာ...ဟုတ်ကဲ့''

"အားကျန့်က မေ့နေတာ နေမှာပါ ဒါမှမဟုတ်လည်း ခဏနေ ပြောလောက်မှာပါ
ဒါနဲ့ အခန်းက ရှာလို့တွေ့ပြီလား''

"ဟုတ် သိပြီးပါပြီ ကျဲ အ့ဆို ကျွန်တော် သွားတော့မယ်နော် ''

"အေးအေးအေး ခဏ ''

"ဟုတ် ဘာပြောမလို့လဲဟင် ကျဲ''

"ဟို...အားကျန့်ကလေ အပြင်ပိုင်းမှာ မာကျောတဲ့ပုံစံပေါက်ပေမယ့်လေ စိတ်ဒဏ်ရာတွေ ရှိတဲ့ ကလေးပါ တိတိလေးကပဲ အားကျန့်ကို သေချာ ဂရုစိုက်ပေးပါဦး''

"ဗျာ...အာ ဟုတ်ကဲ့ ကျဲ ကျွန်တော် ကော ကို သေချာ ဂရုစိုက်မှာပါဗျ''

"အေးပါ သွားတော့လေ နောက်ကျနေဦးမယ်''

"ဟုတ် ကျဲ''
ဆိုပြီး ရိပေါ်လည်း လူနာရှိတဲ့အခန်းကိုပဲ ခပ်သွက်သွက် လျှောက်လာလိုက်တော့တယ်

"ကျဲ စောနက ဘယ်သူလဲဟင်''

" အားကျန့်ရဲ့ ကယ်ရီသမားလေးလေ''

You💞💞💞(unicode + zawgyi)Where stories live. Discover now