Ep7 part2 unicode

93 7 8
                                    

ရှောင်ကျန့် နေ့လည်စာစားပြီးတဲ့နောက်မှာ ကလေးပေါက်ကို ဂေဟာဘေးက တောင်ကုန်းလေးကိုခေါ်လာခဲ့လိုက်တယ်

''ကျန့်ကော ဒါက ဘယ်နေရာလဲဟင် ဒီနေရာလေးက အေးတော့အေးချမ်းတယ်နော် လေလေးတွေတိုက်နေတော့😁''

''အင်း မား အကြိုက်ဆုံးနေရာလေးလေ မားက ဂေဟာလာတိုင်း ဒီနေရာလေးကို လာနေကျလေ''

''အော် ဟုတ်''

''မင်းသိလား မားက ဘဝကို လူနာတွေကိုအသက်မယ် မိသားစုနဲ့အတူကုန်ဆုံးပြီး အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တာ ဒါပေမယ့် မားက ကံမကောင်းဘူး သူဖြတ်သန်းချင်တဲ့ ဘဝလေးကို မရလိုက်ဘူးလေ ဒါကလည်း ငါ့ရဲ့ နှစ်ယောက်မရှိတဲ့ မွေးသဖခင်ကြောင့် အဟက်''

''.....''
''ငါ မင်းကို ဘာလို့ အ့အကြောင်းတွေ ​ပြောမိနေတာပါလိမ့် မင်းလည်း သူနဲ့အတူတူ ရဲပဲဟာကို''

''.....''

''မင်းသိလား အမြဲတမ်း သူက အလုပ်ကိုပဲ ဂရုစိုက်တာ ငါတို့သားအမိကို ပစ်ထားတယ် အ့အထိ ငါ နားလည်ပေးလို့ရသေးတယ် ဒါပေမယ့် မင်းသိလား သူက မားရဲ့နောက်ဆုံးချိန်မှာတောင် မားအနား မရှိပေးနိုင်ခဲ့ဘူး''

''....''

''မားကလေ သူ့ကြောင့် ဆုံးသွားတာ သူသာ မိသားစုအတွက်တွေးပေးခဲ့ရင် မားလည်း အသက်ဆုံးမှာမဟုတ်ဘူး သူကလေ မားအပေါ်မှာသာ တာဝန်မကျေတာ အားလုံးအမြင်မှာတော့ ဇနီးရဲ့အသက်ကိုတောင် မမှုဘဲ ပြည်သူ့ဘက်က ရပ်တည်ပေးခဲ့တဲ့ စံပြရဲကောင်းတစ်ယောက်တဲ့လေ မင်း စဥ်းစားကြည့်စမ်း မရယ်ရဘူးလား''

''ဟို.....ကျန့်ကော ကျွန်တော် ပြောသင့်လား မသိပေမယ့် ကောရဲ့ပါးလည်း ကောရဲ့မားအတွက် အရမ်းစိတ်မကောင်းဖြစ်ခဲ့မယ်ထင်တယ်''

''ဟက် မင်းက အ့လိုထင်တယ်ပေါ့ မင်းမသိလို့ပါ အ့ ငါ့အဖေဆိုတဲ့သူကလေ မားရဲ့နာရေးကိုတောင် မလာနိုင်ဘဲ သတင်းစာရှင်းလင်းပွဲတော့တက်နိုင်တယ် သိလား မားအတွက် ပန်းစည်းတစ်ခြင်းပဲ တစ်ခြားလူနဲ့ ပို့ပေးနိုင်လောက်တဲ့အထိ အ့လူက ရာထူးတွေ ဂုဏ်တွေ မက်ခဲ့တာကွ ''

''.....''

''မင်း ဘာမှ ဆက်မပြောနိုင်တော့ဘူးမလား အပြင်လူ မင်းတောင် အ့လောက် ဖြစ်သွားရင် ငါက သူ့သားအရင်းလေ ပြီးတော့ ဆုံးသွားတာက ငါ့အမေအရင်း ငါ ဘယ်လောက် ခံစားခဲ့ရမလဲ မင်း စဥ်းစားကြည့် အမေကဆုံးသွားတဲ့အပြင်အဖေအရင်းခေါက်ခေါက်က ကိုယ့်မိန်းမရဲ့ စျာပနာကို မလာနိုင်တဲ့ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လိုခံစားရမလဲ သူ့အမေရဲ့ စျာပနာကို လာကြတဲ့သူတွေကို မင်းရဲ့ပါးရောလို့ မေးတဲ့အခါ သူပြန်ဖြေနိုင်စွမ်းမရှိခဲ့ဘူး အမေရဲ့ရက်လည်ပြီးတော့မှ လာခဲ့တဲ့ သူရဲ့ ပါးအလှုပ်တွေရှုပ်နေလို့ပါသားရယ် ဆိုတဲ့စကားတွေက လက်ခံပေးနိုင်စရာကောင်းလားဆိုတာ မင်းတွေးကြည့်ပါ''

You💞💞💞(unicode + zawgyi)जहाँ कहानियाँ रहती हैं। अभी खोजें