Ep6 Zawgyi

11 2 0
                                    

ရှောင်ကျန့်တစ်ယောက် နေ့လည်စာစားပြီးကတည်းက ဒီနေ့ ခွဲစိတ်ထားတဲ့ထဲက တချို့လူနာတွေရဲ့ ဆေးမှတ်တမ်းတွေကို ပြန်ကြည့်လိုက် အ့ရောဂါနဲ့ဆိုင်တဲ့ ဆေးပညာနဲ့ ပတ်သက်တဲ့စာအုပ်ကို ဖတ်လိုက် လုပ်နေရင်း အချိန်က ညနေ ၆ နာရီတောင်ကျော်သွားတယ်
ဒါနဲ့ပဲ ပစ္စည်းတွေ သိမ်းပြီး ကောင်တာက အမယန်လီတို့ကို နှုတ်ဆက်ပြီး ပြန်ဖို့ လုပ်တော့တယ်
"အာ...အားကျန့်က ပြန်တော့မှာလား''

"ဟုတ် ကျဲ😁 ဒီနေ့ ညဂျူတီမရှိဘူးလေ ပြီးတော့...''

"အာ ကယ်ရီသမားလေးက ရောက်နေပြီလား ''

"Dr.Xiaoက ဘယ်တုန်းက ကယ်ရီ ငှားလိုက်တာလဲ''

"အားကျန့်က ငှားထားတာ မဟုတ်ဘူး လော့လော့ ရေ ဟိုက လိုလိုလားလား အခမဲ့ ကြိုပေးတာလေ''

"ဟင်''

" ဟုတယ်မလား အားကျန့်''

"မဟုတ်ပါဘူး ကျဲယန်လီကလည်း လူနာတွေအတွက် လိုအပ်တဲ့ ဆေးပညာလေ့လာမှုကလည်း စောစော ပြီးသွားလို့ပါ သူ့ကြောင့် မဟုတ်ပါဘူး ''

"အေးပါ ကျဲကလည်း ရိုက်စစ်မနေပါဘူးနော် အိုးမလုံ အုံမပွင့်တွေ ဖြစ်နေတာ ''

"ဟာဗျာ ကျွန်တော် သွားတော့မယ် ''ဆိုပြီး ရှက်ရမ်းရမ်းပြီး ထွက်သွားတော့တယ်

"ကျဲလီ drက ဘာဖြစ်သွားတာလဲဟင် ''

"ကျဲလဲ မသိဘူးလေ ရှက်ရမ်းရမ်းသွားတာ နေမှာပေါ့ ကဲပါ လာ သွားရအောင် ''

"ဟုတ်''
ဒါပေမယ့် လော့လော့စိတ်ထဲမှာတော့ Dr.Xiaoက ဘာလို့အ့လောက် ရှက်သွားတာလဲ ကယ်ရီငှားတဲ့ ကိစ္စက ရှက်စရာမှ မဟုတ်တာ ပြီးတော့ အလကား ဆိုတော့ ပိုတောင် ကောင်းသေး လော့လော့တို့ဆို အ့လို ကယ်ရီမျိုး လိုချင်ပါ့ ခုတော့ busကားပဲ တိုးစီးနေရတယ်

ရှောင်ကျန့် အမယန်လီတို့ဆီကနေ ထွက်လာပြီး ဆေးရုံအပေါက်ဝနားက မှတ်တိုင်နားလေးမှာပဲ ထိုင်စောင့်နေမိတော့တယ်
အင်း....အမယန်လီတို့ပြောလည်း ပြောစရာပါဘူး အ့ကလေးက နေ့တိုင်း လာကြိုနေတာ ရပါတယ်ဆိုတာကို သူက ကျန့်ကောကို စိတ်မချလို့ပါတဲ့ ဟိုနေ့ကလို ဖြစ်မှာစိုးလို့တဲ့
Omm....ဟိုနေ့က အကြောင်းကို ပြန်ပြောရရင်တော့.............

You💞💞💞(unicode + zawgyi)Where stories live. Discover now