Ep 4 unicode

21 4 0
                                    


တစ်လကြာပြီးနောက်
ရိပေါ်တစ်ယောက် ''ချစ်သော'' ဆေးရုံကိုတွေ့ချင်ပေမယ့် သွားပြီး ''ချစ်သော''ကို ဟိုနေ့က တရားခံက လွတ်သွားတော့ အ့အမှုကိစ္စကို လိုက်စုံစမ်းနေရာတာနဲ့ မတွေ့ဖြစ်တာ တစ်လလောက်ရှိပြီ

ဒီကနေ့မှာတော့ ရိပေါ်တစ်ယောက် မရောက်ဖြစ်တာကြာနေတဲ့ မြို့ပြင်က နေရာတစ်ခုကို သာ ထွက်လာခဲ့တယ်
မသွားခင်မှာလည်း ပန်းဆိုင်ကနေ လီလီပန်းတွေအများကြီး ဝယ်လာခဲ့ပါသေးတယ်

ရိပေါ့်ရဲ့ကားလေး က မြို့ပြင်က လမ်းကြားလေးတစ်ခုထဲကို ဝင်သွားပြီး ခဏကြာတဲ့အချိန်မှာ အုတ်ဂူဖြူဖြူတွေအများကြီးရှိတဲ့ သုသာန်တစ်ခုရှေ့မှာ ရပ်သွားတယ်
ခြေလှမ်းလေးတွေဟာ လျှောက်လာရင်း အုတ်ဂူ၂ခုရဲ့ အရှေ့ရောက်တော့ လီလီပန်းလေးတွေကို အုတ်ဂူတစ်ခုအပေါ်မှာ ချလိုက်တယ်
အုတ်ဂူလေးမှာ ''ဝမ်လီလီ (အသက် ၃၁ နှစ်)''လို့ ရေးထိုးထားတယ် သူ့ရဲ့ ဘေးဘက်က အုတ်ဂူဘက်မှာတော့ '' ဝမ်ရိဖေး(အသက် ၃၅ နှစ်)'' လို့ ရေးထားတယ်

" မား ဒီတစ်ခါလည်း မားကြိုက်တဲ့ လီလီပန်းတွေအများကြီး ကျွန်တော် ဝယ်လာတယ် မား ကြိုက်ရဲ့လား''

" မားနဲ့ပါး ကောင်းကင်ဘုံမှာ အဆင်ပြေပြေရှိနေတယ်မလားဟင် ကျွန်တော့်အတွက်တော့ စိတ်မပူပါနဲ့နော်
ကျွန်တော် မားတို့ ဖြစ်စေချင်သလို ကောင်းကောင်းမွန်မွန် ရှိနေပါတယ်''

" ဒါနဲ့လေ မားတို့ သိလား ကျွန်တော့်မှာ ချစ်ရတဲ့သူ ရှိနေပြီ မားတို့ကို မသေချာသေးလို့ အရင်က မပြောမိတာပါ ခုတော့ သေချာသွားပြီမလို့ မားတို့ကို အသိပေးတာပါ မားတို့ ရှိသေးရင်လည်း ''ချစ်သော'' ကို သဘောကျမှာ '' ချစ်သော'' က အရမ်းချစ်ဖို့ကောင်းပြီး အရမ်းလည်း ကြည့်ကောင်းတာ ပါးသာ ရှိသေးရင် ပါးက '' ငါ့လောက်ချောလို့လား'' ဆိုပြီး စနေမှာ မြင်ယောင်သေးတယ် '' ချစ်သော'' နဲ့ ချစ်သူတွေ ဖြစ်ခဲ့ရင် မားတို့နဲ့ အရင်ဆုံး မိတ်ဆက်ပေးမယ်နော်''

" မားတို့လည်း အေးအေးချမ်းချမ်းနေပါ သားကို စိတ်ပူစရာမလို့တော့ဘူးလို့ ပြောတာပါ သား သွားတော့မယ်နော်''

You💞💞💞(unicode + zawgyi)Where stories live. Discover now