Ep 5 Zawgyi

11 2 0
                                    

ဟင်း... ရှောင်ကျန့်တစ်ယောက် ဟိုတစ်နေ့မနက်ကလိုမျိုးလေး လိုချင်နေမိတုန်းပဲ ဘာလို့မှန်းမသိပေမယ့်ပေါ့
သူစိမ်းတစ်ယောက်ယောက်နဲ့ မနက်စာအတူတူစားရရင် ဟိုနေ့ကလို ခံစားမှုမျိုး ရလိမ့်မယ်လို့ ထင်လို့
တခြားသူငယ်ချင်းတွေနဲ့ မနက်စာကို ဆေးရုံမှာ အတူတူစားလိုက်တယ် ဒါပေမယ့် အ့ခံစားချက်ကို မရဘူး ဆေးရုံမှာ မို့လို့ နေမှာပါလို့ တွေးပြီး ကျိုးချန်ရဲ့အိမ်မှာလည်း မနက်စာသွားစားဖူးတယ်
ဒါပေမယ့် အ့လိုခံစားချက်မျိုး မရခဲ့ပြန်ဘူး
ဟိုကလေးပေါက်နဲ့ကလည်း မတွေ့ဖြစ်တာကြာပြီ
မခင်တော့ ကိုယ်နဲ့အတူ စားပေးဖို့လည်း မပြောရဲဘူး ဟူး.....

"ဒေါက်..ဒေါက်..ဒေါက်''

"ဝင်ခဲ့ပါ''

"အာ... အမယန်လီ ဘာကိစ္စရှိလို့လဲဟင်''

" ထုံးစံအတိုင်းလေ ပါဆယ်ဘူး ရောက်လာလို့တဲ့ ကောင်တာက ကလေးမတွေပြောတာ ဖွင့်ကြည့်လိုက်ပါဦး''

ရှောင်ကျန့်လည်း ဖွင့်ကြည့်လိုက်တော့

ရှောင်ကျန့်လည်း ဖွင့်ကြည့်လိုက်တော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"Macroonလေးတွေပါလား''

"အားကျန့်တော့ မရိုးတော့ဘူး နော် ကောင်မလေးတွေများရနေပြီလား ဟိုနေ့ကလည်း cupcakeတွေပို့တာဆို များလို့ ကောင်တာက သူတွေကိုတောင် ခွဲကျွေးတယ်ဆို ကောင်မလေးရရင် မိတ်ဆက်ပေးပါဦး လျှိုမထားနဲ့လေ''

"မဟုတ်ပါဘူး ကျဲရယ် ဘယ်သူပို့မှန်း ကျွန်တော် တကယ်မသိတာပါ သူက တစ်ပတ်တစ်ခါတော့ အမြဲပို့တာ မုန့်တွေလည်း မျိုးစုံပဲ ကျွန်တော်လည်း ဘယ်သူမှန်းမသိလို့ သိချင်နေတာ ဒါနဲ့ macroonတွေက အများကြီးပဲ ကျဲတို့လည်း စားဖို့ ယူသွားပါလား''

You💞💞💞(unicode + zawgyi)Where stories live. Discover now