Ep2 Zawgyi

13 1 0
                                    


ရှောင်ကျန့်တစ်ယောက် မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေတယ်
လမ်းကို ရှာမတွေ့ဘူးဖြစ်နေတယ် မကြာခင်မှာပဲ သူရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်
ပုံရိပ်ထဲမှာ ကလေးလေးတစ်ယောက်က သူ့အမေကို ကစားကွင်းထဲ သွားဖို့ ပူဆာနေတယ်
သေချာကြည့်လိုက်တော့ ကလေးလေးက ရှောင်ကျန့်အသက်ဆယ်နှစ်လောက်တုန်းကပုံစံဖြစ်နေတယ်
အမေဖြစ်သူကတော့ ရှောင်ကျန့်ရဲ့ မားပဲ
နောက်ပုံရိပ်တစ်ခု ထပ်ပေါ်လာတာကတော့ ရှောင်ကျန့်မားဟာ ရှောင်ကျန့်ကို ပုန်းထားခိုင်းခဲ့ပြီး သူမကိုယ်တိုင်ကတော့ လူဆိုးတွေရဲ့ သေနတ်ပစ်တာကို ခံခဲ့ရတဲ့ မြင်ကွင်းပါပဲ
ရှောင်ကျန့်တစ်ယောက် မားဖြစ်သူကို ခေါ်ဖို့  အသံကုန် အော်ဟစ်နေပေမယ့် မားဖြစ်သူက မကြားနိုင်ခဲ့ဘူး
နောက်တော့ ရှောင်ကျန့်ရဲ့ ရှေ့မှာ ရိပေါ် ပေါ်လာခဲ့တယ်
"ကျန့်ကော''ဆိုပြီး ရိပေါ်က ပြုံးပြနေခဲ့တယ်
ရဲအရာရှိဝတ်စုံနဲ့ ခန့်ညားနေတဲ့ ရိပေါ်ဟာ လက်ထဲမှာ ဦးထုပ်ကို ကိုင်ထားခဲ့တယ်
အ့ဒီနေ့ကအတိုင်းပဲ ဝတ်စုံက တစ်ထပ်တည်း ကျနေခဲ့တယ်
ရှောင်ကျန့်  ရိပေါ်ကို မသွားဖို့ တားခဲ့ပေမယ့် ရိပေါ်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ချိန်မှာ ရိပေါ်ရဲ့ ပုံရိပ်ဟာ ပျောက်ကွယ်သွားခဲ့တယ်
"လောင်ဝမ် မင်း ဘယ်မှာလဲ လောင်ဝမ် ငါ့ကို မထားခဲ့ပါနဲ့ လောင်ဝမ်...''
ရုတ်တရက် ရှောင်ကျန့် အိမ်မက်ကနေ နိုးလာခဲ့တယ်

ရှောင်ကျန့်ရဲ့ဘေးမှာတော့ အလုပ်သင် ကုဝေဟာ လူနာစောင့်ဆိုဖာမှာ အိပ်နေတယ်
ခဏနေတော့ ကျိုးချန်ကအမယန်လီနဲ့အတူဝင်လာပြီး
" အာ.. ရှောင်ကျန့် နိုးလာပြီလား''

ကုဝေတစ်ယောက် ကျိုးချန်ကောအသံကြားမှ နိုးလာတော့တယ်
" စီနီယာရှောင်း နိုးလာပြီလား ကျွန်တော် နဲနဲငိုက်လာလို့ အိပ်ပျော်သွားတာ😁''

" ကုဝေရယ် အရင်ဆုံး သွားရည်တွေ သုတ်လိုက်ပါဦး''

" အာ ဟုတ်လား 😁 အိပ်နေတော့ သတိမထားမိဘူး ဖြစ်သွားတယ် ရှဲရှဲ ကျဲယန်လီ''

" ရှောင်ကျန့် မင်းကော သက်သာရဲ့လား ''

" ငါ ဘာမှ မဖြစ်တော့ပါဘူး ''

You💞💞💞(unicode + zawgyi)Where stories live. Discover now