Ep 3 unicode

30 3 0
                                    


ကုဝေတစ်ယောက် ဟိုတစ်နေ့က ကျိုးချန်ကော ရှင်းပြပြီးကတည်းက အဆက်ကို တအားသိချင်နေတာ
ဒါပေမယ့် လူနာတွေက ဒီအတောအတွင်း အရမ်းများနေတာနဲ့ပဲ ပြီးတော့ သူငယ်ချင်းတွေကလည်း
ကိုယ့်wardနဲ့ ကိုယ် အလုပ်ရှုပ်နေတာကြောင့် အတူ နေ့လည်စာမစားဖြစ်ကြတော့ ကျိုးချန်ကောနဲ့လဲ အ့အကြောင်း မမေးမိကြဘူး
ဒါပေမယ့် စီနီယာရှောင်းကတော့ တောင်းပန်ပြီးကတည်းက သူနဲ့ဆက်ဆံရေးက တအားကြီး အရင်လောက် မအေးစက်တော့ဘူး
နဲနဲရင်းနှီးလာတယ် ဒါပေမယ့်လည်း ကျိုးချန်ကော လောက်တော့ တအားကြီး ရင်းရင်းနှီးနှီးမပြောရဲသေးဘူး
ဒီနေ့တော့ မီရာတို့က အားတယ် ပြောတာပဲ ခဏနေ
နေ့လည်စာအတူစားမယ်တဲ့ အ့အချိန်ကျမှ ကျိုးချန်ကောကို ဆက်မေးရမယ်
" အာ ဖုန်းလာတာပဲ hello ပြော''

" ငါက ဆေးရုံမှာပဲ ရှိသေးတာ ဒီနေ့လား ဒီနေ့မအားဘူး''

" နေ့လည်စာက မီရာတို့နဲ့စားမှာလေ''

" မဟုတ်ပါဘူး မင်းနဲ့ မစားချင်လို့ မဟုတ်ဘူး ငါ မင်းကို ပြောထားတယ်လေ ကျိုးချန်ကောဆီက ဟိုနေ့က အဆက်ကို နားထောင်ချင်တယ်လို့''

" သူများကိစ္စ စပ်စုတာမဟုတ်ဘူးလေ ငါက ဒီအတိုင်း စိတ်ဝင်စားလို့ဟာကို''

" စိတ်ဆိုးလည်း မတတ်နိုင်ဘူး မင်းက မင်းအားတဲ့အချိန်ကျမှ ငါ့ကို တွေ့ဖို့ သတိရတာလေ မင်းအလုပ်ချည်းပဲ ဂရုစိုက်နေတာ''

" ငါ့မှာလည်း ငါ့အလုပ် ရှိတာပဲ ''

" မင်းက အမြဲ အ့လိုပဲ တော်ပြီ ဖုန်းချတော့မယ် မင်းကို တစ်ပတ်တိတိ စိတ်ကောက်တယ် ဒါပဲ''

"တီ.....''(ဖုန်းကျသွားတဲ့အသံပါနော်)
ကုဝေတစ်ယောက် အားကြီး စိတ်ဆိုးပါတယ်
သူနဲ့တွေ့ရတာမှ ခပ်ရှားရှားရယ်
ကိုယ်လည်း တွေ့ချင်တာပေါ့ ဒါပေမယ့် အားမှ မအားတာ
သူက သူ့အလုပ်လောက်ကို ကုဝေကို အလေးမထားဘူး ဟွန့်

Time skip>>>>
နေ့လည်စာစားချိန်
" ဟူး.... မောတာဟာ နင်တို့ စဥ်းစားကြည့် တစ်နေ့တစ်နေ့ ဆေးရုံကို ကလေးလာမွေးတဲ့ လူနာတွေက တအားများတာပဲဟာ ငါတို့wardက လူတွေ နားကို မနားရဘူး တိုင်းပြည်ရဲ့ လူဦးရေ ပွားများအောင် လုပ်နေသလားပဲ''(ဖေးဖေး)

You💞💞💞(unicode + zawgyi)Where stories live. Discover now