257 28 5
                                    


စစ်သူကြီးဒီနေ့လယ်သမားလေးကိုပိုးပန်းနေသည်မနှောင့်ယှက်ရ။

တစ်ယောက်တည်းသီးနှံတွေသယ်နေသောလယ်သမားလေးနားကိုစစ်သူကြီးတစ်ယောက်ရစ်သီရစ်သီလုပ်နေသည်။

"ကိုယ့်လယ်သမားလေးအလုပ်တွေပင်ပင်ပန်းပန်းလုပ်နေတာမြင်ရတော့ဒီစစ်သူကြီးရင်မချိလိုက်တာကွယ် နောက်အချိန်မင်းလေးကိုပိုင်ဆိုင်ရရင်ဖြင့်မင်းလေးမပင်ပန်းအောင် ဒီစစ်သူကြီးကပဲအလုပ်တွေအကုန်လုပ်ပါ့မယ်"

တည်ကြည်စွာဖြင့်သူ့ကိုကတိပေးနေသောစစ်သူကြီးဂျွန်အားလယ်သမားလေးမခို့တရို့လေးကြည့်လိုက်မိသည်။

စစ်သူကြီးဂျွန်ကလယ်သမားလေးလက်ထဲမှဂေါ်ဖီတွေထည့်ထားတဲ့ခြင်းလေးကိုယူဆွဲမလိုက်သည်။

*ဂျွတ်*

"ဟယ်"

စစ်သူကြီးကိုယ်ကဂျွတ်ခနဲအသံနဲ့အတူသူ့ရဲ့ဂေါ်ဖီခြင်းလေးလှိမ့်ကျသွားသည်။

"လုပ်ပါဦး ဒီစစ်သူကြီးခါးကျိုးပြီထင်တယ်"

ဆော့ဂျင်းလည်းစစ်သူကြီးဂျွန်ရဲ့အစေအပါးများကိုခေါ်ကာမသွားစေလိုက်သည်။

စစ်သူကြီးဂျွန်ကဝေါယာဉ်ပေါ်မှနေ၍
"ကိုယ်တစ်ဘဝလုံးစာကတိပေးတယ် နောက်ဆိုမင်းဒီအလုပ်တွေကိုလက်နဲ့တောင်ထိစရာမလိုအောင်ထားပေးမယ်"

နောက်ကတိစကားတစ်ခွန်းနဲ့အရင်ကတိကိုဖုံးဖိလိုက်လေသည်။

Small Theater,
စစ်သူကြီးဂျွန်: 

ဒီစစ်သူကြီးကပင်ပင်ပန်းပန်းမလုပ်နိုင်ဘူးလယ်သမားလေးကိုလည်း မပင်ပန်းအောင်ထားရမယ်

စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now