111 17 4
                                    

စစ်သူကြီးဒီနေ့ပိုးပန်းနေသည်မနှောင့်ယှက်ရ။
နေမကောင်းဘူးဆိုသောအကြောင်းရင်းဖြင့် စစ်သူကြီးသည်လယ်သမားလေးအား အိမ်တော်သို့ဖိတ်လိုက်လေသည်။

လယ်သမားဂင်ဟာမဝံ့မရဲဖြင့်လိုက်လာရင်းဝါးရုံဖက်မှပုလွေသံချိုအေးအေးကိုသဲ့သဲ့ကြားလိုက်ရသည်။

မြင်ကွင်း၌ပေါ်လာသည်မှာ စစ်သူကြီးဂျွန်သည်ဝတ်ရုံလျော့တိလျော့ရဲဖြင့် သာယာသောပုလွေသံကိုသီကျူးနေလေသည်။

အပူရှိနေ၍ထင် အနည်းငယ်နီရဲနေကာ ဆော့ဂျင်းကိုကြည့်သောမျက်ဝန်းတို့မှာရီဝေဝေ။

စစ်သူကြီးရဲ့ဆွဲဆောင်မှု၌ကျရှုံးသွားသောလယ်သမားလေးမှာနှာခေါင်းသွေးလျှံမတတ်ပင်။

စစ်သူကြီးဂျွန်မှာဆွဲဆောင်မှုရှိရှိပြုံးကာအချစ်သီချင်းလေးကိုထပ်တီးမှုတ်ပြန်သည်။

လယ်သမားလေးဂင်ရှက်ဝဲဝဲဖြင့်မခို့တရို့လေးပြုံးနေခိုက်စစ်သူကြီးဂျွန်ခါးနားသို့ရောက်လာသောခပ်ရှည်ရှည်အရာတစ်ခုကြောင့်အလျင်အမြန်အနားကပ်သွားကာ။

"စစ်သူကြီး မြွေ မြွေ"

မြွေခေါင်းကိုလှမ်းဖမ်းလိုက်သော လယ်သမားလေးမှာအရှိန်မထိန်းနိုင်လိုက်သဖြင့် စစ်သူကြီးပေါင်ကြားအားတံတောင်ဆစ်ဖြင့်ထောက်လိုက်မိသည်။

"အု"

စစ်သူကြီးဂျွန်မှာမျက်နှာခရမ်းရောင်ပင်သန်းသွားကာအော်လိုက်မိသည်။

စစ်သူကြီးဘာဖြစ်သွားမှန်းမရိပ်မိလိုက်သောလယါသမားလေးမှာ...

"စစ်သူကြီးဂျွန် အဆင်ပြေရဲ့လား တော်တော်‌နေမကောင်းဘူးထင်တယ်"

"ငါ့ဟာ ငါ့ဟာ"

"အယ် ဒါစစ်သူကြီးမြွေလားတောင်းပန်ပါတယ်နော်"

လယ်သမားလေးကမြွေကိုလွှတ်ပေးပြီးပြန်လှည့်ကြည့်လိုက်တော့စစ်သူကြီးဂျွန်မှာမှောက်ကျနေကာ သတိလစ်မတတ်ဖြစ်နေတာကြောင့် အစေခံတွေကိုအော်ခေါ်လိုက်ရသည်။

စစ်သူကြီးအိမ်တော်တစ်ခုလုံးဗြောင်းသပ်သွားသောကြောင့်လယ်သမားလေးမှာအလိုက်တသိပင်ထွက်လာရတော့သည်။

...............

စစ်သူကြီးဂျွန်: :ဒီတစ်ခေါက်အထိနာဆုံးပဲ༎ຶ⁠‿⁠༎ຶ
......................................................................
သူများကတိတည်တယ်နော်😒


စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now