111 17 7
                                    

စစ်သူကြီးဒီနေ့ပိုးပန်းနေသည် မနှောင့်ယှက်ရ။
ကိုယ့်နည်းလမ်းအတိုင်းပိုးပန်းလို့မဖြစ်တော့ဘူးလို့ စစ်သူကြီးဂျွန်စဉ်းစားမိလိုက်ပြီးနာမည်ကြီးအချစ်ဝတ္ထုတွေရဲ့နည်းလမ်းအတိုင်းလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဘယ်တော့မှရိုးသွားမယ့်ဇာတ်လမ်းမဟုတ်တဲ့အလှလေးကိုကယ်တင်တဲ့သူရဲကောင်းပေါ့။

လယ်သမားလေးကိုအရိပ်တကြည့်ကြည့်တစ္ဆေတစ်ကောင်လိုချောင်းမြောင်းရင်းစစ်သူကြီးအခွင့်အရေးရမယ့်တစ်နေ့ရောက်လာသည်။

ဂင်ဆော့ဂျင်းသည်အရှေ့မှ ပိတ်ရပ်နေသောမိန်းက‌လေးတစ်စုအားအလေးအနက်ကြည့်ရှုလိုက်သည်။

"စစ်သူကြီးကရှင့်ကိုသဘောကျနေတယ်လို့ကြားတယ်"
လယ်သမားလေးမျက်နှာနီရဲသွားတာကိုကြည့်ရင်းစစ်သူကြီးဂျွန်အပြုံးကြီးပြုံးလိုက်ပြီးမိန်းက‌လေးများအား‌ အေးစက်စွာကြည့်လိုက်သည်။

ဒီမိန်းကလေးတွေကသူ့ကိုသဘောကျလို့သူချစ်ရတဲ့သူကိုအနိုင်ကျင့်တော့မယ်ပေါ့။

သို့ပေမယ့်သူ့ရဲ့အတွေးတွေကရက်ရက်စက်စက်ပင်ရိုက်ချခံလိုက်သည်။

"ကျွန်မတို့ကိုကြည့်ပါဦးမလှဘူးလား စစ်သူကြီးထက်ကျွန်မတို့လိုမိန်းကလေးတွေကအများကြီးသာတာပေါ့ စစ်သူကြီးလိုစစ်မြေပြင်နဲ့မကင်းမကွာနေရတဲ့လူကပျင်းစရာကြီးဖြစ်နေမှာ အဲ့ဒီအစားတက်ကြွတဲ့မိန်းကလေးတစ်ယောက်ကိုရွေးချယ်လိုက်တာပိုမကောင်းဘူးလား"

စစ်သူကြီးဂျွန်" ? "

စစ်သူကြီးဂျွန်မှာတဒိတ်ဒိတ်ခုန်နေသောသွေးကြောတွေကိုဖိပြီးမှောင်မိုက်နေသောမျက်နှာနှင့်ချောင်တစ်နေရာမှထွက်လာသည်။

မိန်းကလေးတစ်စု " !!!! "

လယ်သမားလေးဂင်" ? "

စစ်သူကြီးဂျွန်" ဟမ့် "

စစ်သူကြီးဂျွန်မှမိန်းကလေးတစ်စုကိုအကြည့်စူးစူးဖြင့်စိုက်ကြည့်ရင်း

"မင်းတို့ကငယ်ရွယ်ပြီး လှပကြတာပဲ အရွယ်လည်းရောက်နေပြီဆိုတော့ ဒီစစ်သူကြီးအားထားရတဲ့တပ်သားတစ်ချို့နဲ့လက်ဆက်ပေးရမယ်"

မိန်းကလေးတစ်စု "(⁠・⁠o⁠・⁠)"

စစ်သူကြီးဂျွန် 'တစ်သက်လုံးသာပျင်းနေလိုက်ကြတော့'

လယ်သမားလေးဂင်မှာ ရှုပ်ထွေးသောမျက်နှာဖြင့်စစ်သူကြီးမော့ကြည့်လိုက်သော်စစ်သူကြီးမှာမျက်စောင်းထိုးလျက် လက်နောက်ပစ်ကာအိမ်တော်ဘက်သို့လှည့်ပြန်သွားလေတော့သည်။
.....................
စစ်သူကြီးဂျွန်: :ငါ့ကိုယ်ငါလူကြိုက်များတယ်လိုထင်ခဲ့တာ authorဖြေစမ်းပျိုတိုင်းကြိုက်တဲ့စစ်သူကြီးcharacter ဆိုတာဘယ်မှာတုန်း

Meowisonline: : World Wide Handsomeထက်ပိုပြီးလူကြိုက်များချင်သေးတာလား

လယ်သမားလေးဂင်: : authorမှန်တယ်
_______________________
ဒီauthorကသောက်ပျင်းတစ်ယောက်ပါ^⁠_⁠^

စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now