100 17 2
                                    


ဒီနေ့ဘုရင်မင်းမြတ်ရဲ့မွေးနေ့ဖြစ်သဖြင့် စစ်သူကြီးမှာပွဲတော်၌ထိုင်နေရပြီး ဘုရင်မင်းမြတ်ကိုတချက်တချက်မျက်စောင်းထိုးနေလေတော့သည်။

သူကျတော့မိဖုရားတွေနဲ့ ပျော်ပါးနေပြီးတော့→⁠_⁠→။
ဒီအတိုင်းနေလို့တော့မဖြစ်ပေဘူး။ဒီနေ့ပိုးပန်းဖို့ဘာအကြံဉာဏ်မှမရှိသေးချေ။

အဝတ်အထည်အကောင်းစားများဝတ်စားလာသောအထက်တန်းလွှာယောကျာ်းပျိုများကိုကြည့်ရင်းစစ်သူကြီးမျက်နှာလင်းထိန်သွားသည်။

အဝတ်အစားတွေနဲ့လယ်သမားလေးကိုမြူဆွယ်ကောင်းမြူဆွယ်နိုင်ပါရဲ့။

အစေခံအချို့အားခေါ်ယူပြီး ကြည့်အကောင်းဆုံးဆိုတဲ့အဝတ်ကိုရှာဝယ်စေလိုက်ပြီးလယ်သမားလေးရဲ့အိမ်ကိုပို့ဆောင်လိုက်စေသည်။

သေချာပေါက်စာလေးလဲရေးဖို့မမေ့ချေ။

"ချစ်ရတဲ့လယ်သမားလေး
ဒီစစ်သူကြီးချစ်ရတဲ့သူဆိုတဲ့
ဂုဏ်ထူးနဲ့ညီမျှအောင်
ဒီစစ်သူကြီးကလယ်သမားလေးအတွက်
ခမ်းနားတဲ့အထက်တန်းလွှာဝတ်စုံကို
ချီးမြှင့်လိုက်ပါတယ် ဒီစစ်သူကြီးရဲ့
မေတ္တာတွေကိုခံစားမိလိမ့်မယ်ထင်ပါတယ်

               ဂုဏ်သရေရှိစစ်သူကြီးမှ"

လုံးဝကိုကွန်ဖီးဒန့်အပြည့်နှင့်စာကိုဖတ်ရင်းပခုံးမှခြေရင်းထိကြီးမားစွာမလိုက်မဖက်ရှည်လျားနေသောဝတ်စုံကြောင့်လယ်သမားလေးခေါင်းတွေထိုးကိုက်လာရတော့သည်။

.....................................................
လယ်သမားလေးဂင်: :ချစ်ရတဲ့သူရဲ့sizeကိုတောင်မသိဘူးဆိုတာဖြစ်သင့်ရဲ့လား

စစ်သူကြီးဂျွန်: :ဒီစစ်သူကြီးကအဲ့ဒီလိုလူဟုတ်မတဲ့လားauthorရေးလို့

meowisonline: :!!
......................................
wifiဗွေဖောက်သွားလို့")

စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now