၁၁

96 14 5
                                    

စစ်သူကြီးဒီနေ့ပိုးပန်းနေသည်မနှောင့်ယှက်ရ။

စစ်သူကြီးသည် ပန်းချီဆရာကိုဂျစ်တိုက်နေလေသည်။

"ဟာ မဟုတ်ဘူးလေနှုတ်ခမ်းကဖူးဖူးလေးလို့ပြောထားတယ်လေ ပြီးတော့မျက်ခုံးလေးကထူထူလေး... ရား အဲ့လောက်မထူဘူးလေ"

ပန်းချီဆရာမှာတစ်ခါမှမမြင်ဖူးတဲ့လူရဲ့ပုံကိုလာဆွဲခိုင်းနေတဲ့စစ်သူကြီးကိုမျက်စောင်းခိုးထိုးရင်းမျက်ရည်ပင်ကျမတတ်။

"စစ်သူကြီးဒီလူကိုခေါ်ပြီးဆွဲလို့မရဘူးလားဟင်"

"ငါကအံ့ဩသွားအောင်လုပ်မလို့ဟာကိုငါပြောတဲ့အတိုင်းသာဆွဲစမ်းပါ"

ပန်းချီစရာမှာအထွန့်တတ်လိုက်ပေသေး။မဟုတ်ရင်စစ်သူကြီးပြောတဲ့စကားအရဟိုးနားချစ်စရာလေးဒီနားချစ်စရာလေးဟုပြောနေသဖြင့်သူ့ပန်းချီလက်ရာမှာချစ်စရာအပေါင်းစုဝေးနေလျက်ကလေးတစ်ယောက်ပုံထွက်လာတော့မည်ဟုယုံကြည်နေမိတော့သည်။

"ခိုးပြီးတော့ကောကြည့်လို့မရဘူးလားဟင်"

"ငါ့ရဲ့မှတ်မိနိုင်စွမ်းကိုအထင်သေးတာလားဆွဲစမ်းပါဟ"

ထိုသိုဆူလိုက်ကျိန်းလိုက်ချိန်းလိုက်ခြောက်လိုက်ရင်းဖြင့်ပန်းချီကားတစ်ချပ်လုံးပြီးဆုံးသွားတော့သည်။

နောက်တစ်ရက်တွင်စစ်သူကြီးဂျွန်သည်အပြုံးကြီးပြုံးကာလယ်သမားလေးရဲ့အိမ်ဝင်းထဲဝင်သွားလိုက်သည်။

လယ်သမားလေးကို အပင်စိုက်ရန်မြေဩဇာများယူနေဟန်တူးဆွနေသည်။စစ်သူကြီးအနားတိုးကပ်လာစဉ်လယ်သမားလေးမှာသတိမမူမိဘဲ မြေဩဇာခဲကြီးတစ်ခဲကိုနောက်ပြန်လှည့်ပစ်လိုက်လေသည်။

*ဘတ်*
စစ်သူကြီးဂျွန်ရဲ့လက်တွေကအလိုလိုသိစိတ်လှမ်းကာလိုက်သော်ကာပြီးမှကြက်သေသေသွားကာ ပန်းချီကားချပ်ကိုအလျင်အမြန်ကြည့်လိုက်သည်။

ပြင်းထန်သောအနံ့အသက်ကြောင့်မူးလဲမလိုဖြစ်သွားပြီးပန်းချီကားပျက်ဆီးသွားသည်ကိုမြင်သောအခါတကယ်ပင်မူးလဲသွားတော့သည်။
နောက်ရက်တွေမှာစစ်သူကြီးပန်းချီဆရာကိုအပူတပြင်းလိုက်ရှာသော်လည်းပန်းချီဆရာမှာပန်းချီပညာကိုစွန့်လွှတ်၍တရားအားထုတ်ဖို့ထွက်သွားသည်ဟူသောသတင်းသာရလိုက်သည်။
...........................
စစ်သူကြီးဂျွန်:  : Marry Christmas

လယ်သမားလေးဂျွန်:  : Marry Christmas

Meowisonline:  : Marry Christmas ပါနော်everyoneအလုပ်များလို့စာရေးချိန်တောင်မရှိရပါဘူးရတဲ့အချိန်လေးနဲ့ကုတ်ကပ်ပြီးလက်ဆောင်လေးပေးလိုက်ပါတယ်နော်

စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now