130 21 4
                                    

စစ်သူကြီးဒီနေ့လယ်သမားလေးကိုပိုးပန်းနေသည် မနှောင့်ယှက်ရ။

စစ်သူကြီးတို့ရဲ့ကြမ်းတမ်းသောသဘာဝနှင့်ဆန့်ကျင်ကာစစ်သူကြီးဂျွန်သည်နူးညံ့သောတိရိစ္ဆာန်လေးများအားအလွန်သဘောကျနေလေသည်။

လယ်သမားလေးဂင်ရဲ့နူးညံ့သိမ်မွေ့သောအသွင်အပြင်ကိုပြန်မြင်ယောင်ကာလက်ထဲမှဖြူဖွေးဖွေးယုန်လေးကိုပွတ်သပ်ပေးလိုက်သည်။

"အင်း ဒီတစ်ခါတော့ချစ်ခွင့်ပန်တာအောင်မြင်ကောင်းအောင်မြင်နိုင်ပါရဲ့လေ"

စစ်သူကြီးဂျွန်သည်ယုန်လေးကိုပွေ့ပိုက်လျက်လယ်သမားလေးဂင်ရှိရာသို့လျှောက်လှမ်းလာလေသည်။

လယ်သမားလေးကနောက်ကျောပေးထားလျက်ဘာအလုပ်လုပ်နေမှန်းမသိသော်လည်းကောက်ပွေ့ပြေးချင်စရာလေးပင်။

"လယ်သမားလေး"

"ဟင်"

ဆော့ဂျင်းအနောက်ကိုလှည့်ကြည့်လိုက်လျှင်စစ်သူကြီးမှာအပြုံးကြီးပြုံးလျက်ယုန်လေးကိုပွတ်သပ်ပေးနေလိုက်သည်။

"ဒီစစ်သူကြီးကလယ်သမားလေးကိုပေးစရာရှိ.... ရှိ လယ်သမားလေး..အဲ့ဒါ..ယုန်....ယုန်သေလားဟင်"

"အင်းလေ ကင်စားမလို့စစ်သူကြီးလည်းစားချင်တယ်ဆိုရင်.. "

စစ်သူကြီးယုန်ကိုပွေ့ထားသောလက်တို့မှာတုန်တတ်သွားကာ။

" ဒီစစ်သူကြီး လုပ်စရာရှိတာအခုမှသတိရသွားလို့ပြန်ဦးမယ်နော်"

"အဲ စစ်သူကြီး"

စစ်သူကြီးမှာယုန်ထက်ပင်အပြေးမြန်ကာတစ်လမ်းလုံးဖုန်ပါထသွားသည်။

စစ်သူကြီးဂျွန်:

စစ်သူကြီးစိတ်အကြီးကြီးထိခိုက်သွားပြီ༎ຶ⁠‿⁠༎ຶ

စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now