13

85 10 3
                                    

စစ်သူကြီးဒီနေ့လယ်သမား‌လေးကိုပိုးပန်းနေသည်မနှောင့်ယှက်ရ။

"ချစ်တဲ့လယ်သမားလေး

လမင်းကြီးကိုအတူရှုစားပြီးသင်းပျံ့တဲ့ဝိုင်ကို

အတူသုံးဆောင်ရအောင်

ဆောင်းဦးမက်မွန်ခြံထဲက ရေတွင်းနား

ဆုံရအောင်ပါ"

လယ်သမားလေးသည်စာလိပ်လေးကိုရင်ခွင်ထဲပိုက်လိုက်ပြီး မျက်နှာနီနီကိုပုတ်ကာ အပျိုဖြန်းလေးတစ်ယောက်လိုရယ်လိုက်သည်။

သူအများကြီးမျှော်လင့်နေပါပြီနော်။

"စစ်သူကြီး ဆံပင်ကိုမထုံးထားနဲ့လေဗျာ တစ်ဝက်ချလိုက် ဟုတ်ပြီ ပြီးတော့နားကြားမှာပန်းတစ်ပွင့်"

"ရပ်စမ်း ဒီစစ်သူကြီးကသန်သန်မာမာယောကျာ်းကြီးကွ ပန်းပန်စရာလား"

"ဒါကလုံးဝသွေးဆောင်ဖျားယောင်းနိုင်မယ့်အသွင်အပြင်နော် ကျရှုံးနိုင်ခြေ0%ပဲ"

"အဲ့ဒီလိုဆိုလည်း"

"စစ်သူကြီးနှုတ်ခမ်းအဆီလေးနည်းနည်းစွတ်လိုက်ရင် နတ်ဆိုးဆန်ဆန်"

"ဘာကွ ဒီစစ်သူကြီးကမကောင်းဆိုးဝါးမှမဟုတ်တာ"

"ဒါကလုံးဝကျရှုံးနိုင်ခြေမရှိတဲ့ ဆွဲဆောင်မှုရှိတဲ့နတ်ဆိုးတစ်ယောက်ရဲ့အသွင်အပြင်နော်"

"အဲ့ဒီလိုဆိုတော့လည်း"

"စစ်သူကြီးရင်ဘတ်လေး နည်းနည်းဟထားလိုက်ရင်"

"မလျော်ကန်လိုက်တာ ဒီစစ်သူကြီးကခန္ဓာကိုယ်နဲ့ဖျားယောင်းစရာ မလို.."

"ကျွန်တော့ကိုသာယုံလိုက်ပါ ဒီလိုအသွင်အပြင်နဲ့ဒီလိုဆွဲဆောင်မှုဘယ်သူမှ ငြင်းနိုင်မှာမဟုတ်ဘူး"

အိမ်တော်ထိန်းယူက ရင်ဘတ်ပုတ်ကာအာမခံလိုက်သည်နှင့် စစ်သူကြီးသည်ရင်ဘတ်ကိုဗြုန်းခနဲဆွဲဖွင့်လိုက်တာကြောင့်အီမ်တော်ထိန်းမှာ ထခုန်မိမတတ်။

မှန်ရှေ့ကို‌အခေါက်ခေါက်အခါခါလှည့်နေသော စစ်သူကြီးမင်းသည်__

"အေ မဆိုးဘူးကွ ကြွက်သားတွေကိုဆီလေးနည်းနည်းသုတ်လိုက်ရင် ပိုပြည့်စုံသွားမယ်ထင်တယ်"

အိမ်တော်ထိန်းသည် လက်မနှစ်ချောင်းကိုထောင်‌ကာပြင်းပြင်းထန်ထန်ထောက်ခံလိုက်သည်။

လရောင်အောက်ဝယ်လေညင်းများကစစ်သူကြီးရဲ့ဆံနွယ်များကိုတိုက်ခတ်နေလို့နေပြီး ဝတ်ရုံတစ်ဖျတ်ဖျတ်ခါလျက် ဝမ်းဗိုက်ကြွက်သွားများကကြွားကြွားဝင့်ဝင့်တောက်ပနေလေသည်။

လယ်သမားလေးကိုပြုစားခံစားခံရသူပမာ မျက်တောင်မခတ် မျက်နှာတစ်ချက်မလွှဲပဲ စစ်သူကြီးထံတည့်တည့်မတ်မတ်ငေးမောကာလျှောက်လာလေသည်။

စစ်သူကြီးသည် ခပ်ဖွဖွတစ်ချက်ရယ်ကာရေတွင့်ကိုမှီထားရာမှအရှေ့ကိုလှမ်းလာ..လာ

*ကျွိ*

*ပလုံ*

"ကယ် ကယ်ကြပါဦးဗျို့"

လယ်သမားလေးရဲ့အသံကညနက်ကိုဖြတ်သန်းကာငှက်များအားလန့်ဖြန့်သွားစေသည်။

"ဖလူး ဖလူး ဖူး"

စစ်သူကြီးသည် ရေညှိများနှင့်ခြေချော်ကာရေတွင်းထဲသို့ပြုတ်ကြသွားခြင်းပင်။

_________________________

Meow " ဟီးဟီး"

စစ်သူကြီး"(⁠╥⁠﹏⁠╥⁠)"

You've reached the end of published parts.

⏰ Last updated: Aug 14, 2023 ⏰

Add this story to your Library to get notified about new parts!

စစ်သူကြီးဒီနေ့ပိုးပန်းနေပြန်ပြီWhere stories live. Discover now