Part 27 (Uni + Zawgyi)

776 98 43
                                    

အတိတ်နေ့ရက်များ

အရှိန်ပြင်းစွာမောင်းဝင်လာသော Corolla ကားအဖြူလေးသည် အိမ်ရှေ့စင်ဝင်အောက်တွင် ကျယ်လောင်သော ဘရိတ်အုပ်သံနှင့်အတူ တိခနဲထိုးရပ်သွားပါ၏။

ဦးနေပိုင်။

ကားပေါ်မှ အလောတကြီးပြေးဆင်းလာပြီး ကျကျနနဝတ်ဆင်ထားသောရှူးဖိနပ်ကိုပင် မချွတ်နိုင်ဘဲ အိမ်အပေါ်ဆီသို့ ကြောင်လိမ်လှေကားမှတဆင့် တဟုန်ထိုးပြေးတက်သွားလေသည်။ နှုတ်မှလည်း ဇနီးဖြစ်သူ၏ အမည်ကို တကြော်ကြော် အော်လျက်။

"မြတ်ရေ၊ မြတ်"

လှေကားထိပ်အရောက်တွင် မြတ်စံပယ်၏ အခန်းထဲမှ ထွက်လာသော မမြစန်းနှင့် ဆုံလေ၏။

"မမမြတ် အိပ်နေတယ် ဆရာလေး၊ စောစောလေးကမှ ဆေးတိုက်ပြီး မနည်းသိပ်ထားရတာ"

ဦးနေပိုင်အရှေ့တွင် အနည်းငယ်တားဆီးသယောင်ပြုလိုက်သူက သူနာပြုဆရာမ မမြစန်းဖြစ်ပြီး မြတ်စံပယ်၏ ကျန်းမာရေးအတွက် တစ်ရက်ခြားတစ်ခါ အိမ်ကိုလာရန် ငှါးရမ်းထားသည့်သူလည်းဖြစ်သည်။

"တရေးနိုးလာမှ ပြောစရာရှိတာပြောလို့မရဘူးလား ဆရာလေး၊ မမမြတ် မအိပ်ရတဲ့ရက်တွေက များနေပြီမို့ပါ"

ခါးကိုထောက်၊ ခြေဖျားနှစ်ဖက်ကို ထောက်ကာဖြင့် အခန်းထဲသို့ ဝင်ရကောင်းနိုး မဝင်ရကောင်းနိုးဟန်ပန်အမူအရာနှင့် ဦးနေပိုင်ကတော့ သူနာပြုဆရာမ မမြစန်း၏စကားကို နားထောင်ချင်ဟန်မတူပေ။

"အခုကရော အိပ်ပျော်နေတာ သေချာလို့လား မြရဲ့၊ ကျုပ်မှာပြောစရာရှိတယ်၊ နောက်ပြီး ဆွေးနွေးစရာတွေလည်း အများကြီးပဲ"

"သေချာပါတယ် ဆရာလေး၊ မမမြတ် နိုးလာရင် မြကိုယ်တိုင် ဆရာလေးကို လာပြောပေးမယ်နော်၊ အခုတော့ စိတ်လျှော့လိုက်ပါဦး"

အပြုံးခပ်ယဲ့ယဲ့နှင့် မမြစန်းသည် ဦးနေပိုင်အား လေချိုသွေးလိုက်ပါ၏။ "မ" ဟု ဆိုပါလျှင် ဓားမကိုတောင် မျက်နှာပေးတတ်သူ ဦးနေပိုင်သည် မမြစန်း၏စကားကို ချက်ချင်းပင် ခေါင်းကိုညိတ်ကာ လိုက်နာလိုက်တော့သည်။

"ကောင်းပြီ မြ၊ မြတ် နိုးလာတာနဲ့ ကျုပ်ကိုလာပြော"

"ဟုတ်ကဲ့ အစ်ကိုလေး"

A Story of 2000sDonde viven las historias. Descúbrelo ahora