💌1💌

1.8K 84 7
                                    

Unicode

မိုးရေစက်တွေဟာ တတောက်တောက်ကျနေတယ်။ ပတ်ဝန်းကျင်ဟာ အနည်းနဲ့အများတော့ နေလို့ကောင်းလာပြီဆိုရမယ်။
ပြတင်းတံခါးကို အသာလေးဆွဲဖွင့်လိုက်သော မြေသင်းနံ့သင်းသင်းဟာ နှာခေါင်းဝလေးသို့ တမဟုတ်ချင်းရောက်လာတယ်။

"ကိုကို....ပြတင်းပေါက်ဖွင့်နေပြန်ပြီလား"
သူ့အခန်းထဲသို့ ညီမလေးဟာ နှုတ်ခမ်းလေးဆူကာဖြင့်ရောက်လာသည်။

"ဒီနေ့ရော ဘာဟင်းလဲ"

"အမဲသားစွတ်ပြုတ်"

"လာပြန်ပြီ...စွတ်ပြုတ်"

"ကိုကို ကုန်အောင်စားနော်
မစားရင် ကြီးမေက မီးကို ဆူမှာ"

"အေးပါဟာ"

"ဒါနဲ့ ပြတင်းပေါက်ပြန်ပိတ်လိုက်အုံး
ကိုကို ချောင်းပြန်ဆိုးနေမယ်"
ညီမလေးမှာ သူ့အား ဆူခြင်းမမည်သော လေသံလေးဖြင့်စိုးရိမ်တကြီး ပြောရှာသည်။

သူ့နာမည်က ပတ်ဂျီမင်း။
အသက်က 24။
ငယ်သေးတယ်လို့ ဆိုရပေမဲ့ မိသားစုအတွက် သူဘာမှဖြစ်မြောက်အောင်လုပ်မပေးနိုင်ဘူးလေ။
ဘာလို့လဲသိလား။
သူ့မှာ အဆုတ်ရောဂါရှိတယ်။
ဖုန်မှုန့်နဲနဲလေး ရှုမိတာနဲ့ ချောင်းဆိုးတော့တာပဲ။ တော်သေးတယ်လို့ပဲ ပြောပြမလား
သူ့မှာ ကင်ဆာဆဲလ်တော့ မရှိဘူးတဲ့လေ။

လူတွေဆိုတာ အချိန်တန်ရင် သေကြမှာပဲ။
သူ သေမှာကို မကြောက်ပါဘူး။
ကင်ဆာဆိုတော့ရော ဘာဖြစ်လဲ ခံလိုက်ရုံပေါ့။ အစကတည်းက သေတနေ့မွေးတနေ့ပဲလေ။ ထူးဆန်းတာမှတ်လို့။

အခုလို ဘာအလုပ်မှမလုပ်ဘဲ တနေကုန် အခန်းထဲမှာနေ၊ အသက်ရှုလေ့ကျင့်ခန်းတွေလုပ်နေရတာ အထီးကျန်ဖို့ကောင်းတယ်။
အမျိုးအမည်မသိဆေးလုံးရောင်စုံတွေကို
သူ့အချိန်နဲ့သူ မပျက်မကွက်သောက်ရတယ်။

စားချင်တာရှိရင်တော့ ချက်ကျွေးကြပါတယ်။ ဒါပေမဲ့ အခုတလော စွတ်ပြုတ်နဲ့ နှစ်ပါးသွားနေရတယ်။
ရာသီဉတုက အေးလာပြီလေ။
နွေအကုန် မိုးအကူးကာလမို့ ရာသီပြောင်းတုပ်ကွေးဖြစ်တတ်တဲ့သူက အခုလည်း ဖျားချင်သလိုလိုရှိနေတာမို့ သူ့ကို စွတ်ပြုတ်သာတိုက်နေခြင်း။

"HYUNG"Where stories live. Discover now